[Unicode]

Messenger ကို သုံးမယ့် လူအသစ်တွေဟာ Facebook အကောင့်ရှိဖို့ လိုအပ်လာပါပြီ။ Facebook က ၂၀၁၅ ခုနှစ် ဇွန်လမှာ Facebook အကောင့် မလိုဘဲ Messenger ကို သုံးနိုင်မယ့် ဝန်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတချို့မှာ စတင် ဝန်ဆောင်မှုပေးခဲ့တာပါ။ အခုတော့ Messenger ကို သုံးဖို့ Facebook အကောင့်လိုအပ်လာပါပြီ။ Facebook Help Center မှာ ဒီအကြောင်းကို သတင်းပေးထားပြီး Facebook အကောင့်ကို Deactivate လုပ်ထား သူတွေ Messenger သုံးနိုင်မယ့် နည်းလမ်းကိုလည်း ပြောပြထားပါတယ်။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က VentureBeat ကို အီးမေးကနေ ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။ သူက “ Messenger ကို အခုမှစသုံးမယ့် သူတွေအတွက် Facebook အကောင့် လိုအပ်လာပါပြီ။ ဒါပေမယ့် Messenger သုံးသူ အများစုဟာ Facebook အကောင့် ရှိတယ်ဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိထားပါတယ်။ Facebook အကောင့် မရှိဘဲ Messenger သုံးသူဆိုတာ ရှားပါတယ်။ “ လို့ ပြောပါတယ်။

Facebook အကောင့် မရှိဘဲ Messenger သုံးနေတဲ့ သူတွေဟာ ဘာမှ လုပ်စရာ မလိုဘဲ ဆက်သုံးနိုင်မှာပါ။ ဒါပေမယ့် Facebook အကောင့် မရှိဘဲ Messenger သုံးနေတဲ့ သူတွေဟာ Log In ဝင်လို့ မရတဲ့ပြဿနာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Facebook CEO Mark Zuckerberg က WhatsApp လိုပဲ Messenger မှာ End-to-end Encryption ထည့်သွင်းပေးဖို့ ညွှန်ကြားထားတယ်လို့ သတင်းထွက်နေပါတယ်။ Encryption လုပ်ထားရင် User ၂ ယောက် ပေးပို့ထားတဲ့ Message တွေကို ကြားကနေ ခိုးယူလို့ မရတော့ပါဘူး။ ဒါပေမယ့် Facebook ဟာ User ဒေတာတွေ မကြာခဏ ပေါက်ကြားလေ့ရှိတဲ့အတွက် နာမည်ပျက်နေပါတယ်။

Ref : digitaltrends

[Zawgyi]

Messenger User အသစ္ေတြဟာ Facebook အေကာင့္ရွိဖို႔ လိုလာၿပီ

Messenger ကို သံုးမယ့္ လူအသစ္ေတြဟာ Facebook အေကာင့္ရွိဖို႔ လိုအပ္လာပါၿပီ။ Facebook က ၂၀၁၅ ခုႏွစ္ ဇြန္လမွာ Facebook အေကာင့္ မလိုဘဲ Messenger ကို သံုးႏုိင္မယ့္ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးခဲ့ပါတယ္။ အေမရိကန္ အပါအ၀င္ ႏုိင္ငံတခ်ိဳ႕မွာ စတင္ ၀န္ေဆာင္မႈေပးခဲ့တာပါ။ အခုေတာ့ Messenger ကို သံုးဖို႔ Facebook အေကာင့္လိုအပ္လာပါၿပီ။ Facebook Help Center မွာ ဒီအေၾကာင္းကို သတင္းေပးထားၿပီး Facebook အေကာင့္ကို Deactivate လုပ္ထား သူေတြ Messenger သံုးႏုိင္မယ့္ နည္းလမ္းကိုလည္း ေျပာျပထားပါတယ္။

Facebook ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ၁ ေယာက္က VentureBeat ကို အီးေမးကေန ဒီသတင္းကို အတည္ျပဳခဲ့ပါတယ္။ သူက “ Messenger ကို အခုမွစသံုးမယ့္ သူေတြအတြက္ Facebook အေကာင့္ လိုအပ္လာပါၿပီ။ ဒါေပမယ့္ Messenger သံုးသူ အမ်ားစုဟာ Facebook အေကာင့္ ရွိတယ္ဆိုတာ ကြ်န္ေတာ္တို႔ ေလ့လာေတြ႕ရွိထားပါတယ္။ Facebook အေကာင့္ မရွိဘဲ Messenger သံုးသူဆိုတာ ရွားပါတယ္။ “ လို႔ ေျပာပါတယ္။

Facebook အေကာင့္ မရွိဘဲ Messenger သံုးေနတဲ့ သူေတြဟာ ဘာမွ လုပ္စရာ မလိုဘဲ ဆက္သံုးႏိုင္မွာပါ။ ဒါေပမယ့္ Facebook အေကာင့္ မရွိဘဲ Messenger သံုးေနတဲ့ သူေတြဟာ Log In ၀င္လို႔ မရတဲ့ျပႆနာေတြ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

Facebook CEO Mark Zuckerberg က WhatsApp လိုပဲ Messenger မွာ End-to-end Encryption ထည့္သြင္းေပးဖို႔ ညႊန္ၾကားထားတယ္လို႔ သတင္းထြက္ေနပါတယ္။ Encryption လုပ္ထားရင္ User ၂ ေယာက္ ေပးပို႔ထားတဲ့ Message ေတြကို ၾကားကေန ခိုးယူလို႔ မရေတာ့ပါဘူး။ ဒါေပမယ့္ Facebook ဟာ User ေဒတာေတြ မၾကာခဏ ေပါက္ၾကားေလ့ရွိတဲ့အတြက္ နာမည္ပ်က္ေနပါတယ္။

Ref : digitaltrends