Realme အမှတ်တံဆိပ်ဟာ ဈေးနှုန်းချိုသာပြီး သင့်တင့်တဲ့အရည်အသွေးရှိစမတ်ဖုန်းတွေနဲ့ နာမည်ရလာတဲ့ အမှတ်တံဆိပ်လို့ဆိုရင်လည်း မမှားပါဘူး။ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ ကုမ္ပဏီဟာ ပရီမီယံဈေးကွက်ဆီ သိသိသာသာ ဦးတည်နေတာကို တွေ့မြင်လာရပါတယ်။

Realme အနေနဲ့ သူတို့ရဲ့ Profile ကို ချဲ့ထွင်နေတယ်ဆိုပေမယ့် ဈေးနှုန်းချိုသာတဲ့ အမျိုးအစားတွေကိုလည်း ဆက်ပြီးတော့ ထုတ်လုပ်ရောင်းချသွားဦးမယ်ဆိုတဲ့အကြောင်းကို ပြသနေပါတယ်။ ဒါကို မကြာခင်က Geekbench မှာပေါ်လာတဲ့ ဈေးနှုန်းချိုသာဖွယ်ရှိတဲ့ Device က သက်သေခံနေပါတယ်။

Geekbench မှာမော်ဒယ်နံပါတ် RMX3092 နဲ့ တွေ့မြင်ရတဲ့ Realme device သစ်ဟာ 5G modem ပါဝင်တဲ့ Dimensity 720 chipset ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ Benchmark အရ 8GB of RAM ကို တွဲဖက်ထားကြောင်း တွေ့မြင်ရပေမယ့် OS က Android 10 ပဲ ဖြစ်နေတာကတော့ အနည်းငယ် မချင့်မရဲဖြစ်စေရပါတယ်။

မော်ဒယ်နံပါတ်မှာတွေ့ရတဲ့ RMX နောက်က ပထမဆုံးနံပါတ်ဖြစ်တဲ့ “3” ကြောင့် ဒီဟန်းဆက်ဟာ Line အသစ်အတွက်များ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်နဲ့ပတ်သက်ပြီး ရှင်းလင်းသေချာတဲ့အခြားအချက်တွေကို မတွေ့ရသေးပါဘူး။

ဒါပေမယ့် Chipset နဲ့ လက်ရှိနောက်ဆုံး Android ဗားရှင်းနဲ့မဟုတ်တဲ့အချက်အလက်တွေကတော့ ဒီဟန်းဆက်ဟာ Flagship အနေနဲ့ ထွက်လာမယ့်အမျိုးအစားမဟုတ်ဘူးလို့ ကောက်ချချစေပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေကတော့ ဒါဟာ Realme 8 ကိုမြင်တွေ့နေရတယ်ဆိုတဲ့ အတွေးပါပဲ။ ဒီပဟေဠိအတွက် အဖြေညှိနိုင်မယ့်အချက်အလက်တွေပေါ်လာချိန်ကို စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena