Xiaomi က ပြီးခဲ့တဲ့ ၁ ပတ်က Redmi Note 9 Series အသစ် ၃ လုံးကို ကြေညာခဲ့ပြီး Redmi Note 9 5G, Redmi Note 9 Pro 5G နဲ့ Redmi Note 9 4G တို့ ဖြစ်ကြပါတယ်။ အဲဒီ ဖုန်း အသစ်တွေကို တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး နာရီပိုင်းအတွင်း အလုံးရေ ၃၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းအားလန်းတယ်လို့ ဆိုရမှာပါ။

Xiaomi has reputedly already sold over 100,000 units of the Redmi Note 9 Pro 5G - NotebookCheck.net News

Redmi က ဝီဘို အကောင့်ကနေ အောက်ပါ ဓါတ်ပုံ ၁ ပုံနဲ့အတူ ဒီသတင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

New Redmi Note 9 series sells more than 300,000 units in a few hours

Redmi Note 9 4G, Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G တို့ဟာ ပေးရတဲ့ ဈေးထက် တန်တယ်လို့ ပြောရမယ့် စမတ်ဖုန်း အသစ်တွေ ဖြစ်ပါတယ်။ အားလုံးထဲမှာ 120Hz မျက်နှာပြင်၊ 108MP ကင်မရာနဲ့ ၁,၅၉၉ ယွမ်ပဲရှိတဲ့ ဈေးနှုန်းကြောင့် Note 9 Pro 5G ဟာ အမိုက်ဆုံးလို့ ပြောရမှာပါ။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၂ သောင်းလောက်ပဲရှိပါတယ်။

Redmi Note 9 4G, Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G တို့ ဒီလောက် ရောင်းအားကောင်းတာ မထူးဆန်းပါဘူး။ တရုတ်ပြင်ပမှာ Redmi Note 9 Pro 5G ကို လိုချင်ရင် ပင်မ ကင်မရာပဲ ကွဲပြားတဲ့ Xiaomi Mi 10T Lite 5G ကို ရွေးချယ်နိုင်ပါတယ်။ Redmi Note 9 4G ကတော့ Poco M3 နဲ့ Specs တွေ တူညီပြီး Dimensity 800U ပါတဲ့ Redmi Note 9 5G နဲ့ တူတဲ့ ဖုန်းတော့ မရှိသေးပါဘူး။

Ref : gsmarena