Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G တွေအကြောင်း ကောလာဟလတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတယ်ဆိုပေမယ့် အခု TENAA မှာတွေ့ရတဲ့ Redmi စမတ်ဖုန်းကတော့ မတူကွဲပြားတဲ့ အချက်အလက်တွေနဲ့၊ မတူကွဲပြားတဲ့ သတင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

TENAA မှာတွေ့ရတဲ့ Device က Redmi Note 9 5G/ Note 9 Pro 5G တို့နဲ့ မတူညီတဲ့ Specs sheet, မတူညီတဲ့ ဒီဇိုင်းတွေကို ရည်ညွှန်းနေပါတယ်။ ဒီစမတ်ဖုန်းသစ်ဟာ Redmi 10 ဒါမှမဟုတ် Redmi Note 10 ဆိုတဲ့နာမည် ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဟန်းဆက်မှာ 6,000mAh ဘက်ထရီ၊ ကျောဘက်ကင်မရာ ၄ လုံးပါဝင်မယ်လို့ သိရပါတယ်။

TENAA Listing အရ 2.0GHz CPU ဖြစ်တာကြောင့် Helio G85 chipset ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။ အဓိကကင်မရာကတော့ 48MP ဖြစ်ပါလိမ့်မယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Waterdrop notch တစ်ခုနဲ့အတူ 8MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။

အခြားအချက်အလက်တွေအဖြစ် 4/6/8GB of RAM နဲ့ 64/128/256GB storage အမျိုးအစားတွေ ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.53-inch ဖြစ်ပြီး LCD panel လည်း ဖြစ်ပါတယ်။ Fingerprint scanner ကတော့ ဘေးဘက်မှာဖြစ်ပါတယ်။ အရောင်ကတော့ Black, Blue, White, Green, Purple, Red နဲ့ Orange ဆိုပြီး ၇ မျိုးတွေ့ရပါတယ်။

Ref: GSM Arena