ဆမ္ေဆာင္းဟာ AKG ၾကိဳးမဲ့ Headphones ေမာ္ဒယ္အသစ္သုံးမ်ဳိးကို မိတ္ဆက္ခဲ့ျပီး Neckbud အမ်ဳိးအစား၊ On-ear နဲ႔ Over-the-ear အမ်ဳိးအစားတစ္ခုစီ ျဖစ္ပါတယ္။ ၄င္းတုိ႔ကို Y100, Y500 နဲ႔ N700NC ဆုိျပီး အသီးသီး နာမည္ေပးထားကာ ဒီေမာ္ဒယ္စီးရီးမွာေတာ့ ဆမ္ေဆာင္းက ျပင္ပအသံေတြကို ခ်ိန္ညွိေပးတဲ့ နည္းပညာဦးစားေပးထားပါတယ္။

Y100 နဲ႔ Y500 ႏွစ္ခုမွာ သုံးစြဲသူေတြကို ျပင္ပသံေတြ ၾကားႏုိင္ခြင့္ျပဳထားတဲ့ “Ambient Aware” နည္းပညာကို အသုံးျပဳထားျပီး N700NC မွာေတာ့ ျပင္ပသံကို ကိုယ္ၾကားလိုတဲ့ ပမာဏ ခ်ိန္ညွိေဖ်ာက္ကြယ္ႏုိင္တဲ့ ဆူညံသံေဖ်ာက္ Noise Canceling နည္းပညာျဖင့္ တည္ေဆာက္ထားပါတယ္။

ေစ်းႏႈန္းေတြကေတာ့ Y100 Neckbud အမ်ဳိးအစားေမာ္ဒယ္ကို 99.95 ေဒၚလာ၊ Y500 ကို 149.95 ေဒၚလာနဲ႔ N700NC အျမင့္စား ေမာ္ဒယ္က 349.95 ေဒၚလာ အသီးသီးျဖစ္ပါတယ္။ N700NC ဟာ ေစ်းအၾကီးဆုံး ျဖစ္သလို Noise Canceling နည္းပညာလည္း ပါေပမယ့္ Y500 ေတြက Feature ပိုပါပါတယ္။ Y500 ေတြဟာ Headphone ကို အသုံးျပဳေနရင္း ဖယ္ခၽြတ္လိုက္ရင္ နားေထာင္ေနတဲ့ သီခ်င္းကို အလိုအေလွ်ာက္ ရပ္တန္႔ေပးတဲ့ စနစ္ပါဝင္ပါတယ္။ ဘကၳရီသက္တမ္းမွာလည္း ၃၃ နာရီထိ ခံႏုိင္တာေၾကာင့္ နာရီ ၂၀ ပဲခံတဲ့ N700NC ေမာ္ဒယ္ ထက္ သာတယ္။ Y100 Neckbud ေလးကေတာ့ ဘကၳရီသက္တမ္း ရွစ္နာရီသာ ခံမွာပါ။ အားသြင္းတဲ့ ေနရာမွာေတာ့ Y500 ဟာ အနည္းငယ္ပိုၾကာၾကာသြင္းရမွာပါ။

Y500 ေတြမွာလည္း Multipoint ခ်ိတ္ဆက္ႏုိင္စြမ္းပါတာေၾကာင့္ Bluetooth ခ်ိတ္ထားတဲ့ စက္ႏွစ္ခုကို တျပိဳင္တည္း အသုံးျပဳႏုိင္တယ္။ Y100 နဲ႔ Y500 ေမာ္ဒယ္ေတြကို ပန္းေရာင္၊ အစိမ္းေရာင္၊ အျပာနဲ႔ အနက္ ဆုိျပီး ေလးေရာင္ ေရြးခ်ယ္ႏုိင္ေပမယ့္ N700NC ကေတာ့ ေငြေရာင္တစ္မ်ဳိးတည္း ထြက္လာမွာျဖစ္ပါတယ္။

Ref – https://www.theverge.com/circuitbreaker/2018/9/14/17859568/samsung-akg-wireless-headphones

Unicode

ဆမ်ဆောင်းဟာ AKG ကြိုးမဲ့ Headphones မော်ဒယ်အသစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပြီး Neckbud အမျိုးအစား၊ On-ear နဲ့ Over-the-ear အမျိုးအစားတစ်ခုစီ ဖြစ်ပါတယ်။ ၎င်းတို့ကို Y100, Y500 နဲ့ N700NC ဆိုပြီး အသီးသီး နာမည်ပေးထားကာ ဒီမော်ဒယ်စီးရီးမှာတော့ ဆမ်ဆောင်းက ပြင်ပအသံတွေကို ချိန်ညှိပေးတဲ့ နည်းပညာဦးစားပေးထားပါတယ်။

Y100 နဲ့ Y500 နှစ်ခုမှာ သုံးစွဲသူတွေကို ပြင်ပသံတွေ ကြားနိုင်ခွင့်ပြုထားတဲ့ “Ambient Aware” နည်းပညာကို အသုံးပြုထားပြီး N700NC မှာတော့ ပြင်ပသံကို ကိုယ်ကြားလိုတဲ့ ပမာဏ ချိန်ညှိဖျောက်ကွယ်နိုင်တဲ့ ဆူညံသံဖျောက် Noise Canceling နည်းပညာဖြင့် တည်ဆောက်ထားပါတယ်။

ဈေးနှုန်းတွေကတော့ Y100 Neckbud အမျိုးအစားမော်ဒယ်ကို 99.95 ဒေါ်လာ၊ Y500 ကို 149.95 ဒေါ်လာနဲ့ N700NC အမြင့်စား မော်ဒယ်က 349.95 ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ N700NC ဟာ ဈေးအကြီးဆုံး ဖြစ်သလို Noise Canceling နည်းပညာလည်း ပါပေမယ့် Y500 တွေက Feature ပိုပါပါတယ်။ Y500 တွေဟာ Headphone ကို အသုံးပြုနေရင်း ဖယ်ချွတ်လိုက်ရင် နားထောင်နေတဲ့ သီချင်းကို အလိုအလျှောက် ရပ်တန့်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ ဘက္ထရီသက်တမ်းမှာလည်း ၃၃ နာရီထိ ခံနိုင်တာကြောင့် နာရီ ၂၀ ပဲခံတဲ့ N700NC မော်ဒယ် ထက် သာတယ်။ Y100 Neckbud လေးကတော့ ဘက္ထရီသက်တမ်း ရှစ်နာရီသာ ခံမှာပါ။ အားသွင်းတဲ့ နေရာမှာတော့ Y500 ဟာ အနည်းငယ်ပိုကြာကြာသွင်းရမှာပါ။

Y500 တွေမှာလည်း Multipoint ချိတ်ဆက်နိုင်စွမ်းပါတာကြောင့် Bluetooth ချိတ်ထားတဲ့ စက်နှစ်ခုကို တပြိုင်တည်း အသုံးပြုနိုင်တယ်။ Y100 နဲ့ Y500 မော်ဒယ်တွေကို ပန်းရောင်၊ အစိမ်းရောင်၊ အပြာနဲ့ အနက် ဆိုပြီး လေးရောင် ရွေးချယ်နိုင်ပေမယ့် N700NC ကတော့ ငွေရောင်တစ်မျိုးတည်း ထွက်လာမှာဖြစ်ပါတယ်။

Ref – https://www.theverge.com/circuitbreaker/2018/9/14/17859568/samsung-akg-wireless-headphones