[Zawgyi]

ႏွစ္စမွာ အလုပ္မ်ားေနတဲ့ Xiaomi ဟာ သူတုိ႔ရဲ႕ Gaming စမတ္ဖုန္း Black Shark အတြက္ မ်ဳိးဆက္သစ္ ကိုလည္း လာမယ့္တစ္လ၊ ႏွစ္လအတြင္းမွာ ထုတ္လာဦးမယ္လို႔ သတင္းထြက္ေနျပန္ပါတယ္။ Black Shark စမတ္ဖုန္းအသစ္မွာေတာ့ Snapdragon 855 ခ်စ္ပ္ဆက္အသစ္နဲ႔အတူ 8GB RAM မန္မုိရီ ပါဝင္လာမွာျဖစ္ၿပီး Android Pie OS အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒါ့အျပင္ Black Shark ဖုန္းအသစ္ရဲ႕ Hands-on ဓါတ္ပုံကိုေတာင္ ယေန႔မွာ အင္တာနက္ေပၚ ေပါက္ၾကားလာတာ ျမင္ေတြ႕ရပါတယ္။

နာမည္အတည္မျပဳရေသးေပမယ့္ ေလာေလာဆယ္ Black Shark 2 လို႔ေခၚဆုိေနၾကတဲ့ စမတ္ဖုန္းဟာ မူရင္း Black Shark ဖုန္းနဲ႔ ဒုတိယေျမာက္ Black Shark Helo တုိ႔ရဲ႕ ဒီဇုိင္းကို ဆက္လက္သုံးစြဲေနတုန္းျဖစ္ၿပီး အနက္ေရာင္ကိုယ္ထည္မွာ ေသးငယ္တဲ့ အစိမ္းေရာင္လုိင္းေလးေတြကို ျမင္ေတြ႕ရမွာပါ။

ေနာက္ဘက္က Dual-camera ကို အေပၚဘယ္ဘက္ေထာင့္မွာ ထည့္သြင္းထားတာ ေတြ႕ရၿပီး အခ်က္အလက္ေတြ မသိရေသးေပမယ့္ ပုံမွန္ကင္မရာရဲ႕ အေပၚက Sensor ဟာ Wide-Angle Lens လို႔ ယူဆရတယ္။

Xiaomi ကုမၸဏီက Mi 9 ဖုန္းအသစ္အတြက္ 27W အားအျမန္သြင္းစနစ္သစ္ကို မိတ္ဆက္လာခဲ့ၿပီး ပါဝါသုံးစြဲမႈ ပိုၾကမ္းမယ့္ Black Shark 2 မွာလည္း ပုိမေကာင္းရင္ေတာင္ တူညီတဲ့ အားသြင္းစနစ္ကို ထည့္သြင္းေပးလာမယ္လို႔ ယူဆရပါတယ္။

3C ဝက္ဆုိက္ေပၚက အခ်က္အလက္စာရင္းထဲမွာေတာ့ Black Shark စမတ္ဖုန္းအသစ္ကို ေမာ္ဒယ္နံပါတ္ SKW-A0 လို႔ေဖာ္ျပထားၿပီး Mi 9 ဖုန္းနဲ႔အတူ ပါဝင္လာတဲ့ အမ်ဳိးအစားတူ Charger တစ္ခုကို ထည့္သြင္းထားတာ ေတြ႕ရတဲ့အတြက္ ဒီယူဆခ်က္ဟာ ပိုၿပီးခုိင္မာလာပါတယ္။

တရုတ္ျပည္တြင္းက သတင္းေတြကေတာ့ Black Shark 2 စမတ္ဖုန္းရဲ႕ ေအာက္ေျခမွာ 5mm သာရွိတဲ့ အလြန္ေသးငယ္တဲ့ Bezel ေဘာင္သာ ပါမယ္လို႔ဆုိပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕အျမင့္ဆုံးဗားရွင္းမွာ 12 GB RAM မန္မုိရီ ပါလာမယ္လို႔ ေျပာေနၾကၿပီး Game Turbo Feature လည္းပါဝင္မွာပါ။

Ref: GSM Arena

[Unicode]

နှစ်စမှာ အလုပ်များနေတဲ့ Xiaomi ဟာ သူတို့ရဲ့ Gaming စမတ်ဖုန်း Black Shark အတွက် မျိုးဆက်သစ် ကိုလည်း လာမယ့်တစ်လ၊ နှစ်လအတွင်းမှာ ထုတ်လာဦးမယ်လို့ သတင်းထွက်နေပြန်ပါတယ်။ Black Shark စမတ်ဖုန်းအသစ်မှာတော့ Snapdragon 855 ချစ်ပ်ဆက်အသစ်နဲ့အတူ 8GB RAM မန်မိုရီ ပါဝင်လာမှာဖြစ်ပြီး Android Pie OS အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Black Shark ဖုန်းအသစ်ရဲ့ Hands-on ဓါတ်ပုံကိုတောင် ယနေ့မှာ အင်တာနက်ပေါ် ပေါက်ကြားလာတာ မြင်တွေ့ရပါတယ်။

နာမည်အတည်မပြုရသေးပေမယ့် လောလောဆယ် Black Shark 2 လို့ခေါ်ဆိုနေကြတဲ့ စမတ်ဖုန်းဟာ မူရင်း Black Shark ဖုန်းနဲ့ ဒုတိယမြောက် Black Shark Helo တို့ရဲ့ ဒီဇိုင်းကို ဆက်လက်သုံးစွဲနေတုန်းဖြစ်ပြီး အနက်ရောင်ကိုယ်ထည်မှာ သေးငယ်တဲ့ အစိမ်းရောင်လိုင်းလေးတွေကို မြင်တွေ့ရမှာပါ။

နောက်ဘက်က Dual-camera ကို အပေါ်ဘယ်ဘက်ထောင့်မှာ ထည့်သွင်းထားတာ တွေ့ရပြီး အချက်အလက်တွေ မသိရသေးပေမယ့် ပုံမှန်ကင်မရာရဲ့ အပေါ်က Sensor ဟာ Wide-angle Lens လို့ ယူဆရတယ်။

Xiaomi ကုမ္ပဏီက Mi 9 ဖုန်းအသစ်အတွက် 27W အားအမြန်သွင်းစနစ်သစ်ကို မိတ်ဆက်လာခဲ့ပြီး ပါဝါသုံးစွဲမှု ပိုကြမ်းမယ့် Black Shark 2 မှာလည်း ပိုမကောင်းရင်တောင် တူညီတဲ့ အားသွင်းစနစ်ကို ထည့်သွင်းပေးလာမယ်လို့ ယူဆရပါတယ်။

3C ဝက်ဆိုက်ပေါ်က အချက်အလက်စာရင်းထဲမှာတော့ Black Shark စမတ်ဖုန်းအသစ်ကို မော်ဒယ်နံပါတ် SKW-A0 လို့ဖော်ပြထားပြီး Mi 9 ဖုန်းနဲ့အတူ ပါဝင်လာတဲ့ အမျိုးအစားတူ Charger တစ်ခုကို ထည့်သွင်းထားတာ တွေ့ရတဲ့အတွက် ဒီယူဆချက်ဟာ ပိုပြီးခိုင်မာလာပါတယ်။

တရုတ်ပြည်တွင်းက သတင်းတွေကတော့ Black Shark 2 စမတ်ဖုန်းရဲ့ အောက်ခြေမှာ 5mm သာရှိတဲ့ အလွန်သေးငယ်တဲ့ Bezel ဘောင်သာ ပါမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အမြင့်ဆုံးဗားရှင်းမှာ 12 GB RAM မန်မိုရီ ပါလာမယ်လို့ ပြောနေကြပြီး Game Turbo Feature လည်းပါဝင်မှာပါ။

Ref – GSM Arena