Qualcomm ရဲ႕ ေနာက္ဆုံးေပၚ မုိဘုိင္း Chip မွာ 5G သုံးစြဲႏုိင္စြမ္း ပါဝင္လာမည္

မုိဘုိင္းခ်ိတ္ဆက္မႈနဲ႔ နည္းပညာဦးေဆာင္သူ တစ္ေယာက္ျဖစ္တဲ့ Qualcomm ဟာ စမတ္ဖုန္းေတြအတြက္ အသစ္ထုတ္လုပ္မယ့္ Flagship မုိဘုိင္း Chip ကိုေၾကျငာလိုက္ျပီး အသစ္ထြက္လာတဲ့ Chip ဟာ Snapdragon X50 5G Modem နဲ႔ခ်ိတ္ဆက္ႏုိင္မွာ ျဖစ္လို႔ 5G မိုဘုိင္းျမန္ႏႈန္းကို အသုံးျပဳႏုိင္တဲ့ မုိဘုိင္းဖုန္းသစ္ေတြကို လာမယ့္ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ေတြ႕လာရႏုိင္ပါတယ္။

Snapdragon 855 ျဖစ္လာမယ္လို႔ ခန္႔မွန္းရတဲ့ အဆုိပါ Chip အသစ္ဟာ ၇ နာႏုိမီတာ Process Node အေပၚမွာ System-On-Chip တည္ေဆာက္မႈ ပါဝင္လာမွာျဖစ္တဲ့အတြက္ အခုႏွစ္မွာ ပါဝါၾကီးမားေနတဲ့ Snapdragon 845 ထက္ အရြယ္အစား ပိုေသးငယ္၊ လွွ်င္ျမန္ျပီး စြမ္းအင္သုံးစြဲမႈ သက္သာေစမွာပါ။

Snapdragon X50 5G မုိဒမ္းကေတာ့ နည္းပညာအသစ္လို႔ မဆုိႏုိင္ပါဘူး။ ဒီနည္းပညာကို ၂၀၁၆ ခုႏွစ္ တည္းက ထုတ္လုပ္ႏုိင္ခဲ့တာ ျဖစ္ေပမယ့္ စမတ္ဖုန္းေတြမွာ အခုမွ စတင္ အသုံးျပဳႏုိင္ေတာ့မွာ ျဖစ္တယ္။ Qualcomm က ေနာက္ထပ္ထြက္လာမယ့္ အျမင့္ပိုင္း Flagship စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ရမယ့္ 5G အသုံးျပဳႏုိင္တဲ့ ပထမဆုံး မုိဘုိင္းပလက္ေဖာင္း ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

စမ္းသပ္မႈေတြကိုလည္း ကုမၸဏီတစ္ခ်ဳိ႕နဲ႔ ျပဳလုပ္ေနႏွင့္ျပီ ျဖစ္တယ္လို႔ Qualcomm မွ အသိေပးခဲ့ျပီး 5G ေကာ္နက္ရွင္ရဲ႕ တုိးတက္မႈေတြကို လာမယ့္ႏွစ္မွာ ျမင္ေတြ႕ရႏုိင္ပါတယ္။ Qualcomm ရဲ႕ ဥကၠဌျဖစ္သူ ခရစၥတီယာႏုိ အန္မြန္က “ကမာၻအႏွံ႔မွ စက္ပစၥည္းအစိတ္အပုိင္း ထုတ္လုပ္သူေတြ၊ ေအာ္ပေရတာေတြ အစရွိ ပုဂၢိဳလ္မ်ားနဲ႔ လက္တြဲလုပ္ကိုင္ရတာ အင္မတန္ေက်နပ္ႏွစ္သိမ့္မိျပီး ၂၀၁၈ ႏွစ္ကုန္မွာ ပထမဆုံး 5G မုိဘုိင္း Hotspot ေတြနဲ႔ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္မွာ ကၽြန္ေတာ္တုိ႔ရဲ႕ မ်ဳိးဆက္သစ္ မိုဘုိင္းပလက္ေဖာင္း အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြကို ထုတ္လႊင့္ရာမွာ ကူညီႏုိင္ဖို႔ ၾကိဳးစားလ်က္ရွိပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Qualcomm ကသူတုိ႔ရဲ႕ Flagship ထုတ္ကုန္အသစ္ကို “Flagchip” လို႔ ရည္ညႊန္းသုံးစြဲေနျပီး Snapdragon 855 ျဖစ္လာဖို႔ ေမွ်ာ္လင့္ရတဲ့ ထုတ္ကုန္အသစ္ဟာ ၂၀၁၉ ခုႏွစ္မွာ ထြက္လာမယ့္ အျမင့္စား စမတ္ဖုန္းေတြရဲ႕ အဓိက အစိတ္အပုိင္းျဖစ္လာႏုိင္ေျခ ရွိေနပါတယ္။ ၂၀၁၈ ႏွစ္ကုန္ပိုင္းမွာ ဒီခ်စ္ပ္ရဲ႕ အခ်က္အလက္ေတြကို အတိအက် သိလာရေတာ့မွာျဖစ္ျပီး မ်ဳိးဆက္သစ္ စမတ္ဖုန္းေတြ ထြက္လာခ်ိန္နဲ႔ တုိက္ဆုိင္ေနမွာပါ။

Ref – Digital Trends

Unicode

Qualcomm ရဲ့ နောက်ဆုံးပေါ် မိုဘိုင်း Chip မှာ 5G သုံးစွဲနိုင်စွမ်း ပါဝင်လာမည်

မိုဘိုင်းချိတ်ဆက်မှုနဲ့ နည်းပညာဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ Qualcomm ဟာ စမတ်ဖုန်းတွေအတွက် အသစ်ထုတ်လုပ်မယ့် Flagship မိုဘိုင်း Chip ကိုကြေငြာလိုက်ပြီး အသစ်ထွက်လာတဲ့ Chip ဟာ Snapdragon X50 5G Modem နဲ့ချိတ်ဆက်နိုင်မှာ ဖြစ်လို့ 5G မိုဘိုင်းမြန်နှုန်းကို အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းသစ်တွေကို လာမယ့် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ တွေ့လာရနိုင်ပါတယ်။

Snapdragon 855 ဖြစ်လာမယ်လို့ ခန့်မှန်းရတဲ့ အဆိုပါ Chip အသစ်ဟာ ၇ နာနိုမီတာ Process Node အပေါ်မှာ System-On-Chip တည်ဆောက်မှု ပါဝင်လာမှာဖြစ်တဲ့အတွက် အခုနှစ်မှာ ပါဝါကြီးမားနေတဲ့ Snapdragon 845 ထက် အရွယ်အစား ပိုသေးငယ်၊ လျှင်မြန်ပြီး စွမ်းအင်သုံးစွဲမှု သက်သာစေမှာပါ။

Snapdragon X50 5G မိုဒမ်းကတော့ နည်းပညာအသစ်လို့ မဆိုနိုင်ပါဘူး။ ဒီနည်းပညာကို ၂၀၁၆ ခုနှစ် တည်းက ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပေမယ့် စမတ်ဖုန်းတွေမှာ အခုမှ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်။ Qualcomm က နောက်ထပ်ထွက်လာမယ့် အမြင့်ပိုင်း Flagship စမတ်ဖုန်းတွေမှာ မြင်တွေ့ရမယ့် 5G အသုံးပြုနိုင်တဲ့ ပထမဆုံး မိုဘိုင်းပလက်ဖောင်း ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

စမ်းသပ်မှုတွေကိုလည်း ကုမ္ပဏီတစ်ချို့နဲ့ ပြုလုပ်နေနှင့်ပြီ ဖြစ်တယ်လို့ Qualcomm မှ အသိပေးခဲ့ပြီး 5G ကော်နက်ရှင်ရဲ့ တိုးတက်မှုတွေကို လာမယ့်နှစ်မှာ မြင်တွေ့ရနိုင်ပါတယ်။ Qualcomm ရဲ့ ဥက္ကဌဖြစ်သူ ခရစ္စတီယာနို အန်မွန်က “ကမ္ဘာအနှံ့မှ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူတွေ၊ အော်ပရေတာတွေ အစရှိ ပုဂ္ဂိုလ်များနဲ့ လက်တွဲလုပ်ကိုင်ရတာ အင်မတန်ကျေနပ်နှစ်သိမ့်မိပြီး ၂၀၁၈ နှစ်ကုန်မှာ ပထမဆုံး 5G မိုဘိုင်း Hotspot တွေနဲ့ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် မိုဘိုင်းပလက်ဖောင်း အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လွှင့်ရာမှာ ကူညီနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Qualcomm ကသူတို့ရဲ့ Flagship ထုတ်ကုန်အသစ်ကို “Flagchip” လို့ ရည်ညွှန်းသုံးစွဲနေပြီး Snapdragon 855 ဖြစ်လာဖို့ မျှော်လင့်ရတဲ့ ထုတ်ကုန်အသစ်ဟာ ၂၀၁၉ ခုနှစ်မှာ ထွက်လာမယ့် အမြင့်စား စမတ်ဖုန်းတွေရဲ့ အဓိက အစိတ်အပိုင်းဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဒီချစ်ပ်ရဲ့ အချက်အလက်တွေကို အတိအကျ သိလာရတော့မှာဖြစ်ပြီး မျိုးဆက်သစ် စမတ်ဖုန်းတွေ ထွက်လာချိန်နဲ့ တိုက်ဆိုင်နေမှာပါ။