Motorola Razr 2019 ဟာ ဒီဇိုင်း အရမ်းလန်းတဲ့ Foldable စမတ်ဖုန်း ဖြစ်ပေမယ့် စွမ်းဆောင်ရည် သိပ်မမိုက်ပါဘူး။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 710 Chipset မောင်းနှင်ထားပြီး 16MP Main ကင်မရာ ပါပါတယ်။ ဒေါ်လာ ၁၅၀၀ တန်တဲ့အတွက် ဈေးက မြောက်ပါတယ်။

အခုတော့ Evan Blass က Motorola Razr အသစ်မှာ 5G ပါလာမှာ ဖြစ်ပြီး 48MP Main ကင်မရာ ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပြီး မျက်နှာပြင်က အရင်နှစ်ထုတ် မော်ဒယ်အတိုင်း ၆.၂ လက်မ ဖြစ်မှာပါ။

Motorola Razr 2019 ဟာ မန်မိုရီ အပိုင်းမှာ သိပ်အထင်ကြီးစရာ မကောင်းဘဲ 6GB RAM နဲ့ 128GB Storage ပဲ ထည့်ထားသလို microSD Slot မပါပါဘူး။ မော်ဒယ်အသစ်မှာတော့ 256GB Storage ပါလာမှာ ဖြစ်ပြီး ပိုစိတ်ဝင်စားစရာကောင်းတာက Physical SIM အပြင် eSIM ကိုလည်း အသုံးပြုနိုင်မှာပါ။

Evan Blass က Razr 5G မှာ ကင်မရာ ၂ လုံးပါမယ်လို့ ပြောတဲ့အတွက် 48MP Main ကင်မရာကို အနောက်ဘက်မှာ အပို ကင်မရာ ၁ လုံးနဲ့အတူ တပ်ဆင်ထားနိုင်ပါတယ်။ အပို ကင်မရာဟာ Depth Sensor သို့မဟုတ် Ultrawide Sensor ဖြစ်နိုင်ပါတယ်။ ၂၀၁၉ ထုတ်မော်ဒယ်ကို နိုဝင်ဘာလက ကြေညာခဲ့ပေမယ့် ဒီနှစ် ဖေဖော်ဝါရီလအထိ မရောင်းပေးခဲ့ပါဘူး။ မော်ဒယ်အသစ်ကိုလည်း Motorola က စောစောကြေညာမှာ ဖြစ်ပေမယ့် ကပ်ရောဂါကြောင့် ခရစ်စမတ် ကာလကျမှ ရောင်းနိုင်ပါတယ်။

Ref : gsmarena