Apple ဟာ ယခုနှစ်အတွင်းမှာ mini-LED Display နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ iPad Pro 12.9″ ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ iPad Pro 12.9″ ဟာ Apple Device တွေထဲမှာအပြင် Tablet တွေထဲမှာပါ ပထမဆုံးအနေနဲ့ mini-LED Display ကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး mini-LED Display ကို အသုံးပြုလိုက်တဲ့အတွက် OLED Display တစ်ခုနီးပါး Brightness ၊ Contrast Ratio ပိုင်း အားသာချက်တွေပါဝင်လာသလို OLED Display တွေရဲ့ အားနည်းချက်ဖြစ်တဲ့ Burn-in ပြဿနာကိုပါ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ အဲ့ဒါကြောင့်လည်း Apple ဟာ နောက်ပိုင်းမှာ iPad တွေအပြင် MacBook တွေမှာပါ mini-LED Display ကို အသုံးပြုလာဖို့စီစဥ်နေတာဖြစ်ပါတယ်။

အခုလည်း Apple နဲ့ပတ်သက်တဲ့သတင်းတွေကို ပြောကြားနေကြ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ လာမယ့်နှစ်မှာထွက်ရှိလာမယ့် iPad Pro တွေအကြောင်းကို ထပ်မံပြောကြားခဲ့ပါတယ်။ ဒါကတော့ လာမယ့် ၂၀၂၂ ခုနှစ်မှာထွက်ရှိလာမယ့် iPad Pro 12.9″ အပြင် iPad Pro 11″ မှာပါ mini-LED Display ကို အသုံးပြုလာတော့မှာပဲဖြစ်ပါတယ်။

iPad Pro 2022 Model တွေဟာ နောက်ထပ်ပြောင်းလဲမှုတွေအနေနဲ့ Design ပိုင်း အများအပြားပြောင်းလဲဖို့လည်းရှိနေပြီး လက်ရှိ Aluminum Body အစား Wireless Charging အတွက် Glass Back ကိုပြောင်းလဲအသုံးပြုသွားမှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ပြောင်းလဲသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Apple ဟာ MacBook အသစ်တွေကို လာမယ့် စက်တင်ဘာလဝန်းကျင်မှာ မိတ်ဆက်ဖို့ရှိနေပြီး ယခင်တုန်းကလူကြိုက်များခဲ့တဲ့ Port တွေကိုပြန်လည်ထည့်သွင်းဖို့စီစဥ်နေသလို လူအသုံးပြုမှုနည်းပါးခဲ့တဲ့ Touch Bar ကိုဖြုတ်ပြီး ပုံမှန် Function Row နဲ့ အစားထိုးသွားဖို့လည်း စီစဥ်ထားတာဖြစ်ပါတယ်။

Ref – GSM Arena