Non-fungible Token ရဲ့ အတိုကောက် စကားလုံး ဖြစ်တဲ့ NFT ကို Collins Dictionary ရဲ့ Word of the Year အဖြစ် ရွေးချယ်လိုက်ပါတယ်။ NFT ဆိုတဲ့ အတိုကောက် စကားလုံးကို ၂၀၂၁ ခုနှစ်မှာ အသုံးပြုမှုဟာ ၁၁,၀၀၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ Collins Dictionary က ပြောပါတယ်။

Collins Dictionary picks NFT as word of the year after rise in its usage |  Business Standard News

NFT ဟာ ဗီဒီယို ၊ Meme နဲ့ Tweets တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပိုင်ဆိုင်သူကို သက်သေခံပေးတာ ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ Charlie Bit My Finger ဗီဒီယိုကနေ Harambe The Gorilla ဓါတ်ပုံအထိ ဒီနှစ်ထဲမှာ NFT ကြောင့် ချမ်းသာသွားသူတွေ ရှိပါတယ်။

What Is an NFT? How Non-Fungible Tokens Work

Collins Dictionary ရဲ့ Alex Beecroft က “  NFT ဆိုတဲ့ အတိုကောက် စကားလုံးကို ဒီလောက် လူသုံးများတာ တော်တော် ထူးခြားပါတယ်။ NFT စကားလုံးဟာ ကာလရှည်ကြာတဲ့အထိ လွှမ်းမိုးမှု ရှိမလားဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကမ္ဘာအဝန်းမှာ အရှိန်အဟုန် မြန်မြန်နဲ့ အသုံး အရမ်းများလာတာကြောင့် ကျွန်တော်တို့ရဲ့ တစ်နှစ်တာအတွက် စကားလုံး အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ “ လို့ ပြောပါတယ်။

Collins Dictionary ရဲ့ လူသုံးအများဆုံး နည်းပညာနဲ့ ပတ်သက်တဲ့ စကားလုံးတွေထဲမှာ NFT အပြင် Bitcoin လို Cryptocurrency ရဲ့ အတိုကောက် Crypto နဲ့ Metaverse တို့လည်း ပါဝင်ပါတယ်။

Collins Dictionary ရဲ့ ၂၀၂၀ ခုနှစ်အတွက် Word of The Year က Lockdown ဖြစ်ပြီး ကပ်ရောဂါကြောင့် အဲဒီ စကားလုံး လူသုံး အရမ်းများလာတာ ဖြစ်ပါတယ်။

Ref : bbc