အိန္ဒိယက ရုပ်ရှင် မင်းသား ၊ မင်းသမီးတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေဟာ NFTs နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။ အောက်တိုဘာလက ဖက်ရှင် ဒီဇိုင်နာ Manish Malhotra ဟာ WazirX NFT Marketplace နဲ့ပူးပေါင်းခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာ ပုံကြမ်း ၂ ခုနဲ့ GIFs အပါအဝင် NFTs ၅ ခု ရောင်းချနိုင်ခဲ့ပါတယ်။ Kamal Haasan နဲ့ Sunny Leone တို့ကလည်း Metaverse နယ်ပယ်ထဲ ဝင်ရောက်လာပြီး NFTs တွေ ရောင်းချခဲ့ပါတယ်။ “ Metaverse လို့ နာမည်ကြီးလာတဲ့ ဒစ်ဂျစ်တယ်နဲ့ Physical ကမ္ဘာ ပေါင်းစပ်မှုကို လေ့လာရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ “ လို့ Haasan က ပြောပါတယ်။

Bollywood stars, Indian celebrities launch NFTs amid global craze, BFSI News, ET BFSI

နိုဝင်ဘာလထဲမှာ မင်းသားကြီး Amitabh Bachchan က သူ့ရဲ့ NFTs Collection ဖြစ်တဲ့ Madhushala ကို လေလံတင် ရောင်းချခဲ့ပါတယ်။ အဲဒီ NFTs တွေဟာ သူ့ ဖခင် ကဗျာဆရာ Harivansh Rai Backchan ရေးသားထားတဲ့ ကဗျာတွေကို မင်းသားကြီးရဲ့ အသံနဲ့ ဖန်တီးထားတဲ့ အသံဖိုင်တွေ ဖြစ်ပါတယ်။ လေလံပွဲမှာ ဒေါ်လာ ၉၆၆,၀၀၀ ဖိုး ရောင်းချနိုင်ခဲ့ပြီး မင်းသားကြီးက “ ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ ကျွန်တော့် Fans တွေနဲ့ အရင်ကထက် ပိုမိုထိတွေ့ဆက်ဆံနိုင်အောင် NFTs တွေက ကူညီပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Top Indian Celebrities Who Will Be Launching Their NFTs Soon!

မကြာခင်ကပဲ အဆိုတော် Sonu Nigam ဟာ ဒစ်ဂျစ်တယ် ဖျော်ဖြေရေးနဲ့ နည်းပညာ ကုမ္ပဏီ JetSynthesys နဲ့ ပူးပေါင်းကာ NFTs Series ၁ ခုကို စတင် ဖန်တီးခဲ့ပြီး သူ့ရဲ့ ပထမဆုံး အင်္ဂလိပ် သီချင်းနဲ့ သူ့ ဒိုင်ယာရီထဲက နာမည်ကြီး သီချင်း စာသားတွေ ပါဝင်ပါတယ်။

အိန္ဒိယက မင်းသားတွေဟာ Crypto ပလက်ဖောင်းတွေကို ကြော်ငြာပေးနေကြပြီး အဲဒီအထဲမှာ Salman Khan , Ayushmann Khurrana နဲ့ Ranveer Singh တို့ ပါဝင်ပါတယ်။ Khan ဟာ Bollycoin နဲ့ ပူးပေါင်းပြီး ကိုယ်ပိုင် NFTs တွေကို မကြာခင် ရောင်းချမယ်လို့ ဒီလ ၁၀ ရက်နေ့က တွစ်တာမှာ ကြေညာခဲ့ပါတယ်။

Ref : nftradius