NFT ပလက်ဖောင်း အသစ် ဖြစ်တဲ့ Ezek ဟာ လွန်ခဲ့တဲ့ ၁၀ ရက်က PhantaBear NFT Series ကို ကြေညာခဲ့ပြီး NFT ၁၀,၀၀၀ လုံး ရောင်းထွက်သွားပြီ ဖြစ်ပါတယ်။ အဲဒီ NFT Series ကို အာရှရဲ့ နာမည်ကြီး ပေါ့ပ် အဆိုတော်နဲ့ The Green Hornet , Now You See Me 2 တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Jay Chou က ကြော်ငြာပေးခဲ့ပါတယ်။ သူဟာ ပလက်တီနမ် ပေါ့ပ် အယ်လ်ဘမ် ၈ ခုကျော်ကို ဖြန့်ချိထားပါတယ်။

Taiwan icon Jay Chou's PhantaBear NFT dethrones Bored Ape Yacht Club

အချိန်တိုအတွင်းမှာ NFT Series ၁ ခုဟာ ကမ္ဘာ့ ထိပ်တန်း ရောင်းအား စာရင်းထဲ ဝင်လာတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ၁ ခုကို ဒေါ်လာ ၁,၀၀၀ ကျော်ရှိတဲ့ PhantaBear NFT ၁၀,၀၀၀ ဟာ မိနစ် ၄၀ အတွင်း ရောင်းကုန်သွားပါတယ်။ ရောင်းချပြီးနောက်မှာ အဲဒီ NFT တွေရဲ့ တန်ကြေးဟာ ၃ ဆလောက် မြင့်တက်သွားပါတယ်။

What Is Phanta Bear NFT? - CryptosRus

PhantaBear NFT တွေဟာ နည်းပညာ အပိုင်းမှာ တစ်မူထူးခြားပါတယ်။ Ezek က သူတို့ရဲ့ ပလက်ဖောင်းမှာ ရောင်းချတဲ့ NFT တွေဟာ စမတ် စာချုပ် အခြေပြု ဖြစ်တယ်လို့ ပြောပါတယ်။ ဥပမာအနေနဲ့ PhantaBear NFT ဝယ်ယူသူတွေဟာ အနုပညာလက်ရာကို ပိုင်ဆိုင်တာသာမက Virtual Concert တွေနဲ့ Premium Venues တွေကိုပါ ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ Ezek ရဲ့ ရည်မှန်းချက်က တစ်မူထူးခြားပြီး ပြိုင်ဖက် မရှိတဲ့ NFT တွေကို ဖန်တီးဖို့ ဖြစ်ပါတယ်။

Ezek ကို ရုပ်ရှင် ထုတ်လုပ်သူ Mark Geng , နာမည်ကြီး သရုပ်ဆောင် Will Liu နဲ့ စွန့်ဦးတီထွင် နည်းပညာလုပ်ငန်းရှင် Ed Ow တို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ CTO Ed Ow က “ အနာဂတ်မှာ Ezek ဟာ တစ်မူထူးခြားတဲ့ NFT တွေကို တိုးချဲ့ ဖန်တီးသွားမှာ ဖြစ်သလို နာမည်ကြီး အနုပညာရှင်တွေ၊ ထင်ပေါ်ကျော်ကြား လူသိများသူတွေနဲ့ ပူးပေါင်းသွားမှာပါ။ အနုပညာလက်ရာတွေမှာပဲ တန်ဖိုး ဖြည့်သွားမှာ မဟုတ်ဘဲ NFT တွေကို အစွမ်းကုန် အသုံးချသွားမှာပါ။ NFT ဟာ နက်ရှိုင်းတဲ့ နည်းပညာ ဖြစ်ပြီး ကျွန်တော်တို့ဟာ အခုမှ အပေါ်ယံလောက်ကိုပဲ အသုံးချနေသေးတာပါ။ “ လို့ ပြောပါတယ်။

Ref : globenewswire