SSD လို့ခေါ်တဲ့ Solid State Drive တွေဟာ များသောအားဖြင့် Hard Disk တွေထက် ဈေးပိုကြီးတဲ့အပြင်ံHard Disk တွေထက်လည်း စွမ်းဆောင်ရည်ပိုကောင်းတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် များသောအားဖြင့် SSD တွေကို 256GB ၊ 512GB Storage စသဖြင့်ပဲတွေ့နေရတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Nimbus Data ကုမ္ပဏီကနေ လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာ Storage ပမာဏအများဆုံးဖြစ်တဲ့ SSD တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ အခု Nimbus Data က ထုတ်လုပ်လိုက်တဲ့ SSD ဟာဆိုရင် 100TB (တနည်း) 100,000GB ရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းက Samsung ကနေ 30.72TB SSD နဲ့ Storage အများပြားဆုံး SSD နေရာကို ရယူထားတယ်ဆိုပေမယ့် အခုအချိန်မှာတော့ Nimbus Data ကနေ ၃ ဆကျော်လောက်ပိုမိုများပြားတဲ့ပမာဏရှိတဲ့ SSD ကို ထုတ်ပြပြီး ပထမနေရာကို ရယူသွားတာပဲဖြစ်ပါတယ်။

Nimbus Data ရဲ့ အဆိုအရတော့ အခု 100TB SSD ဟာ Read/Write Speed အနေနဲ့ 500MB/s ရရှိမှာဖြစ်ပြီးတော့ အကောင်းဆုံးတစ်ခုကတော့ ၅ နှစ်အတွင်း တစ်စုံတစ်ခုဖြစ်ရင် အသစ်ပြန်လည်လဲလှယ်ပေးတဲ့အာမခံကိုပေးထားတာပဲဖြစ်ပါတယ်။

100TB SSD ကို ထုတ်လုပ်ခဲ့ပေမယ့်လည်း Nimbus Data ဟာ ဈေးနှုန်းကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။