Nintendo ဟာ Switch Game Console ကို မိတ်ဆက်နေတာ အခုဆိုရင် Original Switch Version ၂ မျိုးအပြင် စျေးပိုသက်သာတဲ့ Switch Lite ကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Nintendo ကနေ Switch (OLED Model) အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အခု Nintendo Switch (OLED Model) ဟာဆိုရင် Design ပိုင်းပြောင်းလဲမှုတွေအပြင် Storage နဲ့ Speaker တွေကိုပါ အဆင့်မြှင့်တင်ထားတယ်လို့သိရပါတယ်။ အဓိကအနေနဲ့ 7″ Display ဟာ OLED ဖြစ်သွားတဲ့အတွက် ယခင် Switch မှာပါဝင်တဲ့ 6.2″ ထက် ပိုပြီးအရွယ်အစားကြီးလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Resolution အနေဲ့ကတော့ ယခင်လိုမျိုးပဲ 1280×720 HD Resolution ပဲရှိနေဦးမှာပါ။

နောက်ကျောဘက် Kickstand ကိုလည်း ပုံစံပြောင်းလဲထားပြီး အခုအချိန်မှာဆိုရင် Microsoft Surface Pro တွေလိုမျိုးပဲ အောက်ခြေတစ်ခုလုံးကို ပုံစံမျိုးစံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Speaker ကိုတော့ Button-firing Speaker တွေကိုပဲ အသုံးပြုထားပေမယ့် ယခင် Model ထက် သိသိသာသာပိုကောင်းလာမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာတော့ ယခင် Nintendo Switch မှာပဲ အသုံးပြုထားတဲ့ Nvidia Tegra X1 SoC Chip ကိုပဲ အသုံးပြုထားပြီး Storage ကိုတော့ 64GB အထိ တိုးမြှင့်ထည့်သွင်းထားတာဖြစ်ပါတယ်။ Nintendo ကတော့ အခုလိုမျိုး OLED Display ဖြစ်သွားပေမယ့် Battery Life ပိုင်းမှာတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Nintendo Switch (OLED Model) ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၅၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ကျသင့်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၈ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Neon Red/Neon Blue Set အပြင် White Color ကိုပါ Exclusive အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena