[Zawgyi]

Nintendo က လက္ကိုင္ ဂိမ္းစက္ Switch ကို ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ သူ႔ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ Switch Lite ကို ေၾကညာလိုက္ပါတယ္။ သူဟာ ေဒၚလာ ၁၀၀ ေလာက္ ပိုသက္သာသြားပါတယ္။ အတြင္းပိုင္း အစိတ္အပိုင္းမ်ားက တူညီတဲ့ အတြက္ ဂိမ္းစက္ႏွစ္ခုရဲ႕ စြမ္းေဆာင္ရည္ဟာ သိပ္မကြာျခားဘူးလို႔ ကုမၸဏီက ေျပာပါတယ္။

Switch Lite မွာ ၅.၅ လက္မ ထိေတြ႕မ်က္ႏွာျပင္ ပါၿပီး HD Resolution ျဖစ္ပါတယ္။ အ၀ါ၊ အညိဳနဲ႔ စိမ္းျပာေရာင္မ်ားထုတ္လုပ္ထားပါတယ္။ ကုမၸဏီက Limited Light Grey Pokemon Sword နဲ႔ Shield Edition မ်ားကိုလည္း ေရာင္းခ်မွာပါ။ Lite Version ဟာ မူလ ေမာ္ဒယ္ထက္ ပိုေပါ့ပါးလာပါတယ္။ သူဟာ ၂၇၇ ဂရမ္ ရွိၿပီး မူလေမာ္ဒယ္က ၄၀၀ ဂရမ္ ျဖစ္ပါတယ္။

Switch Lite မွာ ထိန္းခ်ဳပ္ခလုတ္မ်ားကို ဂိမ္းစက္မွာ တပ္ဆင္ထားၿပီး ျဖဳတ္၊ တပ္ ႏိုင္တဲ့ ပံုစံ မဟုတ္ေတာ့ပါဘူး။ မူလ Switch ရဲ႕ Directional Buttons မ်ား အစား D-pad ထည့္သြင္းထားပါတယ္။ စြမ္းအင္ စားသံုးမႈ သက္သာတဲ့ Chip ေၾကာင့္ ဘက္ထရီ သက္တမ္း ပိုေကာင္းလာပါတယ္။ ကုမၸဏီက The Legend of Zelda: Breath of the Wild လို ဂိမ္းမ်ား ကစားရင္ တစ္နာရီေလာက္ ပို ကစားႏုိင္တယ္လို႔ ေျပာပါတယ္။

Handheld Mode ပါတဲ့ လက္ရွိ Switch Games အားလံုးကို သူ႔မွာ ကစားႏုိင္ပါတယ္။ အားနည္းခ်က္တစ္ခုက သူ႔ကို သင့္ တီဗီနဲ႔ ခ်ိတ္ဆက္လို႔ မရပါဘူး။ စက္တင္ဘာလ ၂၀ ရက္မွာ ၁၉၉.၉၉ ေဒၚလာနဲ႔ ေရာင္းခ်မွာပါ။ Limited Light Grey Pokemon Sword နဲ႔ Shield Edition မ်ားကို ႏို၀င္ဘာလ ၈ ရက္မွာ ေရာင္းခ်မွာပါ။

Ref : gsmarena

[Unicode]

Nintendo က လက်ကိုင် ဂိမ်းစက် Switch Lite ကို ကြေညာ

Nintendo က လက်ကိုင် ဂိမ်းစက် Switch ကို ရောင်းချပေးထားပါတယ်။ အခုတော့ သူ့ရဲ့ တန်ဖိုးနည်း မော်ဒယ် Switch Lite ကို ကြေညာလိုက်ပါတယ်။ သူဟာ ဒေါ်လာ ၁၀၀ လောက် ပိုသက်သာသွားပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းများက တူညီတဲ့ အတွက် ဂိမ်းစက်နှစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ သိပ်မကွာခြားဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

Switch Lite မှာ ၅.၅ လက်မ ထိတွေ့မျက်နှာပြင် ပါပြီး HD Resolution ဖြစ်ပါတယ်။ အဝါ၊ အညိုနဲ့ စိမ်းပြာရောင်များထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီက Limited Light Grey Pokemon Sword နဲ့ Shield Edition များကိုလည်း ရောင်းချမှာပါ။ Lite Version ဟာ မူလ မော်ဒယ်ထက် ပိုပေါ့ပါးလာပါတယ်။ သူဟာ ၂၇၇ ဂရမ် ရှိပြီး မူလမော်ဒယ်က ၄၀၀ ဂရမ် ဖြစ်ပါတယ်။

Switch Lite မှာ ထိန်းချုပ်ခလုတ်များကို ဂိမ်းစက်မှာ တပ်ဆင်ထားပြီး ဖြုတ်၊ တပ် နိုင်တဲ့ ပုံစံ မဟုတ်တော့ပါဘူး။ မူလ Switch ရဲ့ Directional Buttons များ အစား D-pad ထည့်သွင်းထားပါတယ်။ စွမ်းအင် စားသုံးမှု သက်သာတဲ့ Chip ကြောင့် ဘက်ထရီ သက်တမ်း ပိုကောင်းလာပါတယ်။ ကုမ္ပဏီက The Legend of Zelda: Breath of the Wild လို ဂိမ်းများ ကစားရင် တစ်နာရီလောက် ပို ကစားနိုင်တယ်လို့ ပြောပါတယ်။

Handheld Mode ပါတဲ့ လက်ရှိ Switch Games အားလုံးကို သူ့မှာ ကစားနိုင်ပါတယ်။ အားနည်းချက်တစ်ခုက သူ့ကို သင့် တီဗီနဲ့ ချိတ်ဆက်လို့ မရပါဘူး။ စက်တင်ဘာလ ၂၀ ရက်မှာ ၁၉၉.၉၉ ဒေါ်လာနဲ့ ရောင်းချမှာပါ။ Limited Light Grey Pokemon Sword နဲ့ Shield Edition များကို နိုဝင်ဘာလ ၈ ရက်မှာ ရောင်းချမှာပါ။

Ref : gsmarena