iPhone 13 စီးရီးနဲ့ပတ်သက်ရင် မျှော်လင့်ထားလို့မရတာက များပြားတဲ့သိုလှောင်မှုပမာဏပါ။ Market intelligence firm တစ်ခုဖြစ်တဲ့ TrendForce ကလည်း သူတို့ရဲ့လေ့လာမှုတွေအရ iPhone 13 စီးရီးမှာလည်း များပြားလွန်းတဲ့ သိုလှောင်မှုပမာဏကို ထည့်သွင်းလာဦးမှာမဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။

iPhone 12s ဒါမှမဟုတ် iPhone 13 စီးရီးအဖြစ်ထွက်လာမဲ့ Device တွေဟာ iPhone 12 ရဲ့ Feature တွေကိုပဲ ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့ အာရုံစိုက်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Apple အနေနဲ့ iPhone သစ်တွေကိုထုတ်လုပ်ရာမှာ ကုန်ကျစရိတ်တိုးမြင့်လာပေမဲ့ လက်ရှိမျိုးဆက်မှာ mini ကို $700 (၁၁ သိန်းခွဲဝန်းကျင်) ကစပြီး ထိန်းသိမ်းထားမယ်လို့လည်း သိရပါတယ်။

အခြားအဆင့်မြှင့်တင်မှုတွေအဖြစ် iPhone 13 Pro duo မှာ AMOLED panel တွေနဲ့ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ 120Hz refresh rate (LTPO panels) တွေပါ။ Face ID အတွက်အစိတ်အပိုင်းတွေကို ချုံ့လိုက်နိုင်တာကြောင့် Notch တွေကလည်း ပိုပြီးသေးသွားမှာဖြစ်ပါတယ်။ အဓိကကင်မရာအားလုံးကတော့ သမားရိုးကျအတိုင်းကနေ OIS sensor-shift stabilization ကို ပြောင်းသွားပါလိမ့်မယ်။

ဒါ့အပြင် Ultra-wide-angle module တွေမှာ 6P lenses တွေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ Autofocus နဲ့လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ iPhone 13 မော်ဒယ်အားလုံးမှာ LIDAR ရရှိမယ်ဆိုတဲ့ အစောပိုင်းသတင်းကိုတော့ TrendForce က ငြင်းဆန်လိုက်ပြီး Pro နှစ်မျိုးမှာပဲ ရမယ်လို့ဆိုပါတယ်။ သိုလှောင်မှုပမာဏမှာလည်း အမြင့်ဆုံးက 512GB ပဲ ဖြစ်ပြီး 1TB ကိုတော့ မျှော်လင့်လို့မရသေးဘူးလို့ ဆိုပါတယ်။

Ref: GSM Arena