Samsung က Galaxy S21 FE ကို ထုတ်လုပ်ရောင်းချပေးထားပြီး ဒီနှစ်မှာလည်း Galaxy S22 FE ထွက်လာမယ်လို့ ထင်ခဲ့ကြပါတယ်။ အခုထွက်လာတဲ့သတင်းအရ Samsung ဟာ ဒီနှစ်မှာ Galaxy S22 FE ကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။

Samsung Galaxy S21 FE Olive

ကိုရီးယား ဘလော့ ၁ ခုက ဒီသတင်းကို မျှဝေထားတာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းအတွက် Firmware မ ဖန်တီးရသေးသလို AP-related Content တွေလည်း မရှိသေးဘူးလို့ ပြောပါတယ်။ Galaxy Note 21 ရဲ့ အခြေအနေနဲ့ တူညီနေပြီး ထွက်ရှိလာနိုင်တဲ့ အထောက်အထားတွေ အရမ်း နည်းပါးနေပါတယ်။

Samsung Galaxy S21 FE: Everything you need to know about Samsung's latest affordable flagship

လက်ရှိမှာ Samsung က ဒီသတင်းကို ဘာမှ မပြောသေးတဲ့အတွက် ရာနှုန်းပြည့် သေချာတယ်လို့ မပြောနိုင်သေးပါဘူး။

Galaxy S22 FE ဟာ ဒီနှစ်ထဲ မထွက်လာပေမယ့် နောက်ပိုင်းကျမှလည်း ထွက်လာနိုင်ပါတယ်။ အရင်သတင်းတွေအရ အဲဒီ ဖုန်းမှာ Dimensity Chipset မောင်းနှင်ထားမယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်က ထွက်လာတဲ့ သတင်းအရ Exynos သို့မဟုတ် Snapdragon SoC ထည့်သွင်းထားမှာ ဖြစ်ပြီး Chipset အတိအကျကို မသိရသေးပါဘူး။

Chipset အပြင် S22 FE ရဲ့ ဒီဇိုင်းဟာ Galaxy S22 နဲ့ တူညီမယ်လို့ ထင်ရပါတယ်။ S21 FE မှာလို ပလတ်စတစ် ကိုယ်ထည်နဲ့ ထွက်လာမလား၊ Built Quality ကို ပိုကောင်းအောင် လုပ်ထားမလား မသိရသေးပါဘူး။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုမို သိလာရနိုင်ပါတယ်။

Ref: gizmochina