Google ရဲ့ နောက်ဆုံးထုတ် Android 10 OS ကို ရလာကြတဲ့ Android Device တွေ များသထက်များလာပါပြီ။   စွမ်းဆောင်ရည်နိမ့်နဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတွေမှာတောင် ရနေကြပြီ ဖြစ်ပါတယ်။ အခုတော့ Nokia က ၂၀၁၈ ခုနှစ်ထုတ် Nokia 1 အတွက် Android 10 Update (Go Edition) ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။

Nokia 1 ကို ၂၀၁၈ ခုနှစ်မှာ Android OS ရဲ့  Lite ဗားရှင်း ဖြစ်တဲ့ Android Oreo(Go Edition) နဲ့စတင် ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ Nokia 1 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး အခုတော့ နောက်ဆုံးထုတ် Android 10 Update (Go Edition) ကို ရရှိသွားပါပြီ။ Go Edition ဟာ နေရာယူတာနည်းပါးပြီး Specs နိမ့်တဲ့ ဖုန်းတွေမှာ မြန်မြန်ဆန်ဆန် အလုပ်လုပ်ပါတယ်။ Go App တွေဟာလည်း ပေါ့ပါး သေးငယ်ပြီး လျှင်မြန်ပါတယ်။

Nokia 1 အတွက် Android  10 ကို Bangladesh, Cambodia, India, Indonesia, Laos, Malaysia, Myanmar, Nepal, the Philippines, Singapore, Sri Lanka, Thailand နဲ့ Vietnam တို့မှာ စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး တစ်ဆင့်ချင်း ဖြန့်ချိပေးနေတာ ဖြစ်တဲ့အတွက် အချိန်ခဏ စောင့်ဆိုင်းရမှာပါ။ User တွေရဲ့ ၁၀ ရာခိုင်နှုန်းမှာ ရရှိနေပြီ ဖြစ်ပြီး ဒီလ ၁၀ ရက်နေ့မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဒီလ ၁၂ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်း ရကြမှာပါ။

Ref : gsmarena