Unicode

Nokia 2.3 စမတ်ဖုန်းကို အခုလအစောပိုင်းမှာ မိတ်ဆက်လာခဲ့ပြီး ယနေ့မှာတော့ အိန္ဒိယဈေးကွက်မှာ စတင် ရောင်းချနေပြီဖြစ်ပါတယ်။ ဒီဖုန်းဟာ ကျပ်ငွေနှစ်သိန်းအောက် ဘတ်ဂျက်ဖုန်းတစ်လုံးအနေနဲ့ ထွက်လာတာဖြစ်ပြီး ဘက္ထရီသက်တမ်းက သိသာတဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

ဒီဖုန်းမှာ 6.2” လက်မအရွယ် HD+ LCD Display အသုံးပြုထားပြီး အတွင်းမှာ Helio A22 ချစ်ပ်ဆက်ကို သုံးစွဲထားပါတယ်။ မန်မိုရီကတော့ 2/32GB Combo သာဖြစ်ပြီး Storage ကို MicroSD နဲ့ 512GB ထိတော့ တိုးမြှင့်နိုင်ပါတယ်။

Nokia 2.3 ဖုန်းဟာ Android Pie OS ကို ထည့်သွင်းထားပြီး Android One ပရိုဂရမ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် နောက်ထပ်နှစ်နှစ်ထိ ဗားရှင်း Update ပေးသွားမှာဖြစ်ကာ Security Patch တွေကိုတော့ သုံးနှစ်ထိ ပေးသွားဖို့ ကတိပြုထားပါတယ်။

ဒီစမတ်ဖုန်းရဲ့ နောက်ဘက်မှာ 13MP + 2MP Depth Sensor ပါဝင်တဲ့ Dual-camera ကို ထည့်သွင်းထားပြီး ရှေ့ဘက်မှာ 5MP Selfie ကင်မရာပါဝင်ပါတယ်။ Specs တွေက ၂၀၁၉ အတွက်ဆိုရင် သိပ်အထင်ကြီးစရာမရှိပေမယ့် 4,000 mAh ဘက္ထရီကတော့ ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် လုံလောက်ရုံထက် ပိုမှာပါ။

Nokia 2.3 စမတ်ဖုန်းကို Cyan Green, Sand နဲ့ Charcoal ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်လာပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို အိန္ဒိယရူပီး ၈၂၁၉၉ (မြန်မာငွေ တစ်သိန်းခုနစ်သောင်းဝန်းကျင်) သတ်မှတ်ထားကာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဈေးကွက်ထဲကနေ ဖြန့်ချိရောင်းချသွားတော့မှာပါ။

Ref – GSM Arena

Zawgyi

Nokia 2.3 စမတ္ဖုန္းကို အခုလအေစာပုိင္းမွာ မိတ္ဆက္လာခဲ့ၿပီး ယေန႔မွာေတာ့ အိႏၵိယေစ်းကြက္မွာ စတင္ ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ဒီဖုန္းဟာ က်ပ္ေငြႏွစ္သိန္းေအာက္ ဘတ္ဂ်က္ဖုန္းတစ္လုံးအေနနဲ႔ ထြက္လာတာျဖစ္ၿပီး ဘကၳရီသက္တမ္းက သိသာတဲ့ အားသာခ်က္တစ္ခုျဖစ္ပါတယ္။

ဒီဖုန္းမွာ 6.2” လက္မအရြယ္ HD+ LCD Display အသုံးျပဳထားၿပီး အတြင္းမွာ Helio A22 ခ်စ္ပ္ဆက္ကို သုံးစြဲထားပါတယ္။ မန္မုိရီကေတာ့ 2/32GB Combo သာျဖစ္ၿပီး Storage ကို MicroSD နဲ႔ 512GB ထိေတာ့ တုိးျမွင့္ႏုိင္ပါတယ္။

Nokia 2.3 ဖုန္းဟာ Android Pie OS ကို ထည့္သြင္းထားၿပီး Android One ပရုိဂရမ္ရဲ႕ အစိတ္အပုိင္းတစ္ခု ျဖစ္တာေၾကာင့္ ေနာက္ထပ္ႏွစ္ႏွစ္ထိ ဗားရွင္း Update ေပးသြားမွာျဖစ္ကာ Security Patch ေတြကိုေတာ့ သုံးႏွစ္ထိ ေပးသြားဖို႔ ကတိျပဳထားပါတယ္။

ဒီစမတ္ဖုန္းရဲ႕ ေနာက္ဘက္မွာ 13MP + 2MP Depth Sensor ပါဝင္တဲ့ Dual-camera ကို ထည့္သြင္းထားၿပီး ေရွ႕ဘက္မွာ 5MP Selfie ကင္မရာပါဝင္ပါတယ္။ Specs ေတြက ၂၀၁၉ အတြက္ဆုိရင္ သိပ္အထင္ႀကီးစရာမရွိေပမယ့္ 4,000 mAh ဘကၳရီကေတာ့ ဘတ္ဂ်က္ဖုန္းတစ္လုံးအတြက္ လုံေလာက္ရုံထက္ ပိုမွာပါ။

Nokia 2.3 စမတ္ဖုန္းကို Cyan Green, Sand နဲ႔ Charcoal ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ထုတ္လုပ္လာပါတယ္။ သူ႕ရဲ႕ ေစ်းႏႈန္းကို အိႏၵိယရူပီး ၈၂၁၉၉ (ျမန္မာေငြ တစ္သိန္းခုနစ္ေသာင္းဝန္းက်င္) သတ္မွတ္ထားကာ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ ေစ်းကြက္ထဲကေန ျဖန္႔ခ်ိေရာင္းခ်သြားေတာ့မွာပါ။

Ref – GSM Arena