အိန္ဒိယမှာ Nokia 5.1 Plus အတွက် Android 10 Update ကို ဖြန့်ချိပေးလိုက်ပြီး မကြာခင်မှာ တခြားနိုင်ငံတွေမှာ ရလာနိုင်ပါတယ်။ ဒီ ၁ လုံးပါပါရင် HMD Global ဟာ စုစုပေါင်း Nokia စမတ်ဖုန်း ၁၅ လုံးအတွက် Android 10 Update ကို ဖြန့်ချိပေးထားပြီး ဖြစ်ပါတယ်။

HMD Global က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့  Nokia 5.1 Plus အတွက် OS Update ကို ၂ နှစ်ကြာ ဖြန့်ချိပေးမယ်လို့ အာမခံထားပါတယ်။ အဲဒီ စမတ်ဖုန်းအတွက် Android 11 Update ရမလားဆိုတာ မသေချာသေးပေမယ့် ၂၀၂၁ ခုနှစ် အကုန်အထိ လစဉ် Security Update တွေကို ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။

Nokia 1 Plus အတွက် Android 10 Update ကို မကြာခင် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။ ဇွန်လကုန်မှာ နောက်ထပ် Device ၄ လုံးအတွက် Android 10 Update ကို ရရှိမှာ ဖြစ်ပါတယ်။ Nokia 5.1 Plus ရဲ့ Android 10 Update မှာ ပါတဲ့ လုပ်ဆောင်ချက်တွေကို အောက်က ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena