HMD Global ကနေ Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ Nokia 6.3 ကို မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာ အချိန်အနည်းငယ်ကြာနေပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက Qualcomm Snapdragon 67x Chipset ကိုပဲ အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပိုပြီး တိကျတဲ့သတင်းတွေထပ်မံထွက်ရှိလာပြန်ပါတယ်။

ဒါကတော့ Nokia 6.3 စမတ်ဖုန်းမှာ စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ Qualcomm Snapdragon 730 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Camera Setup နဲ့ပတ်သက်တဲ့သတင်းတွေကိုပါ ဖော်ပြလာခဲ့ပါတယ်။

Nokia 6.3 စမတ်ဖုန်းဟာ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Primary Sensor အနေနဲ့ 24MP Sensor ကို ထည့်သွင်းပေးထားပြီး 12MP Ultrawide Sensor , 2MP Depth နဲ့ Macro Sensor တွေကိုပါ ထည့်ပေးထားတယ်လို့ သိရပါတယ်။ ယခင် Nokia စမတ်ဖုန်းတွေလိုမျိုးပဲ ZEISS Lens ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Fingerprint Sensor ကို Power Button မှာထည့်သွင်းပေးထားမှာဖြစ်ပြီး လက်တစ်ဖက်ထဲနဲ့ ကိုင်လို့အဆင်ပြေတဲ့ Compact ပုံစံပြုလုပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

HMD Global ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Nokia 6.2 စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ တတိယ ၃ လပတ်အတွင်းမှာ Nokia 6.3 စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena