Zawgyi

HMD Global အေနနဲ႔ Nokia 7.1 ကို ၿပီးခဲ့တဲ့လတုန္းက လန္ဒန္မွာ ပထမဦးဆုံး မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒုတိယအႀကိမ္ကို အိႏၵိယႏိုင္ငံမွာ ထပ္မံမိတ္ဆက္လိုက္တာ ျဖစ္ၿပီး မိတ္ဆက္ပြဲကိုေတာ့ ႏိုဝင္ဘာလ ၃၀ရက္ေန႔ (မေန႔) က က်င္းပခဲ့တာ ျဖစ္ပါတယ္။

 

Nokia 7.1 Specifications
Nokia 7.1 ဟာ Android One OS အသုံးျပဳ စမတ္ဖုန္း အမ်ိဴးအစားျဖစ္ၿပီး Android 8.1 Oreo နဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာလည္း Android 9.0 Pie ကို OTA ကေန တစ္ဆင့္ Update လုပ္ႏိုင္မယ္လို႔ သိရပါတယ္။ Display အပိုင္းအတြက္ ၅.၈၄လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ PureDisplay Panel အမ်ိဴးအစားကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution ကေတာ့ 1080 x 2280 pixels ရွိပါမယ္။ HDR 10 ေထာက္ပံ့မႈ ပါရွိၿပီး Display ရဲ႕ မ်က္ႏွာျပင္ကိုေတာ့ Corning Gorilla Glass 3 နဲ႔ ဖုံးအုပ္ထားတာပါ။

Processor အပိုင္းအတြက္ Snapdragon 636 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 4GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားမွာပါ။ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/1.8 အက်ယ္ရွိ 12MP Camera နဲ႔ Aperture f/2.4 အက်ယ္ရွိ 5MP Camera ေတြကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 အက်ယ္ရွိ 8MP Camera ကို တပ္ဆင္ထားပါတယ္။

ဘက္ထရီသိုေလွာင္မႈ ပမာဏ 3060mAh ထည့္သြင္းေပးထားမွာ ျဖစ္ၿပီး USB Type-C ကေန တစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ 18W အျမန္အားသြင္းစနစ္ပါဝင္တာေၾကာင့္ 3060mAh ဘက္ထရီကို မိနစ္ ၃၀ အတြင္းမွာ ၅၀% အထိေရာက္ေအာင္ အားသြင္းေပးႏိုင္တယ္လို႔ သိရပါတယ္။ အထူက ၇.၉၉ မီလီမီတာရွိၿပီး အေလးခ်ိန္ကေတာ့ ၁၅၉ဂရမ္ ရွိပါမယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားတာ ေတြ႕ရၿပီး Face Unlock လုံၿခဳံေရးစနစ္ကိုလည္း အသုံးျပဳႏိုင္ပါတယ္။

Nokia 7.1 ကို လာမယ့္ ဒီဇင္ဘာ ၇ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၉,၉၉၉ ႐ူပီး (ျမန္မာေငြ ၄သိန္းခြဲဝန္းက်င္) ျဖစ္ပါတယ္။

Ref: gadgets.ndtv

Unicode

Android One စမတ်ဖုန်း Nokia 7.1 ကို အိန္ဒိယနိုင်ငံမှာ ထပ်မံမိတ်ဆက်သွားပြီ

HMD Global အနေနဲ့ Nokia 7.1 ကို ပြီးခဲ့တဲ့လတုန်းက လန်ဒန်မှာ ပထမဦးဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကို အိန္ဒိယနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်တာ ဖြစ်ပြီး မိတ်ဆက်ပွဲကိုတော့ နိုဝင်ဘာလ ၃၀ရက်နေ့ (မနေ့) က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Nokia 7.1 Specifications
Nokia 7.1 ဟာ Android One OS အသုံးပြု စမတ်ဖုန်း အမျိူးအစားဖြစ်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း Android 9.0 Pie ကို OTA ကနေ တစ်ဆင့် Update လုပ်နိုင်မယ်လို့ သိရပါတယ်။ Display အပိုင်းအတွက် ၅.၈၄လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ PureDisplay Panel အမျိူးအစားကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 1080 x 2280 pixels ရှိပါမယ်။ HDR 10 ထောက်ပံ့မှု ပါရှိပြီး Display ရဲ့ မျက်နှာပြင်ကိုတော့ Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ထားတာပါ။

Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားမှာပါ။ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/1.8 အကျယ်ရှိ 12MP Camera နဲ့ Aperture f/2.4 အကျယ်ရှိ 5MP Camera တွေကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 အကျယ်ရှိ 8MP Camera ကို တပ်ဆင်ထားပါတယ်။

ဘက်ထရီသိုလှောင်မှု ပမာဏ 3060mAh ထည့်သွင်းပေးထားမှာ ဖြစ်ပြီး USB Type-C ကနေ တစ်ဆင့် 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 18W အမြန်အားသွင်းစနစ်ပါဝင်တာကြောင့် 3060mAh ဘက်ထရီကို မိနစ် ၃၀ အတွင်းမှာ ၅၀% အထိရောက်အောင် အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။ အထူက ၇.၉၉ မီလီမီတာရှိပြီး အလေးချိန်ကတော့ ၁၅၉ဂရမ် ရှိပါမယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားတာ တွေ့ရပြီး Face Unlock လုံခြုံရေးစနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

Nokia 7.1 ကို လာမယ့် ဒီဇင်ဘာ ၇ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၉,၉၉၉ ရူပီး (မြန်မာငွေ ၄သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။
Ref: gadgets.ndtv