Nokia စမတ်ဖုန်းတွေကို ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ HMD Global ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Nokia ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေအကုန်လုံးအတွက် Android Version 9.0 Pie Update ကို ပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် HMD Global ကနေ ပထမဆုံး Android Pie Update ရတော့မယ့် စမတ်ဖုန်းကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခု ကြေညာချက်အရ Android Pie Update ကို ပထမဆုံး Update ရရှိမယ့် Device ကတော့ Nokia 7 Plus ပဲဖြစ်ပြီးတော့ အခု Nokia 7 Plus ဖုန်းဟာ Google ရဲ့ Android P Beta ကို အစောဆုံးရရှိနိုင်တဲ့ Device တွေထဲမှာလည်း ပါဝင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။

Nokia 7 Plus ဖုန်းဟာ လက်ရှိအချိန်မှာလည်း ဈေးကွက်ထဲမှာ ဝယ်ယူရရှိနေပြီဖြစ်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ 5.99″ အရွယ်ရှိတဲ့ Full HD+ Display ၊ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 660 Processor နဲ့အတူ Zeiss Lens ကင်မရာတွေကြောင့် ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ စွမ်းဆောင်ရည်ပိုမြင့်မားတဲ့ စမတ်ဖုန်းတစ်ခုလို့တောင်ပြောရမှာပါ။

Nokia ကတော့ အခု Nokia 7 Plus စမတ်ဖုန်းဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ Android P ကို Stable Update ရရှိသွားအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Nokia 7 Plus ကို Android P Update ပြုလုပ်ပြီးတဲ့အချိန်မှာတော့ Nokia 8 Sirocco နဲ့ Nokia 6.1 ဖုန်းတွေကို Android Pie Update ရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Android Update တွေကို အမြန်ဆုံးရယူချင်တယ်ဆိုရင် Nokia က ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေကိုပဲ ရွေးချယ်တာ အကောင်းဆုံးဖြစ်နေဦးမှာပါ။