Zawgyi

Nokia စမတ္ဖုန္းေတြဟာ HMD Global ကေန လက္လႊဲယူၿပီးေနာက္ပိုင္းမွာ Google ရဲ႕ Android One OS ကိုပဲ အသုံးျပဳလာသလို Software Update ပိုင္းမွာလည္း တျခားေသာ စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ သိသိသာသာကို ျမန္ဆန္ေနတာျဖစ္ပါတယ္။ အခုလည္း Nokia ကေန သူ႔ရဲ႕စမတ္ဖုန္းတမ်ိဴးအတြက္ Android 10 ကို Update ျပဳလုပ္ေပးလိုက္ပါၿပီ။

အခု Android 10 Update ကို ပထမဆုံးရရွိတဲ့ Nokia ဖုန္းကေတာ့ Nokia 8.1 ဖုန္းပဲျဖစ္ၿပီးေတာ့ Pixel ဖုန္းေတြအျပင္ Essential Phone ၊ OnePlus 7 နဲ႔ 7 Pro ဖုန္းေတြၿပီးရင္ အေစာဆုံး Android 10 Update ရရွိတဲ့ဖုန္းတစ္ခုလည္းျဖစ္လာပါတယ္။

Nokia 8.1 စမတ္ဖုန္းဟာ Qualcomm Snapdragon 710 Processor ကို အသုံးျပဳထားတဲ့ High End ဖုန္းတစ္ခုျဖစ္ၿပီးေတာ့ Nokia ရဲ႕ အဆိုအရေတာ့ Snapdragon 710 Processor ကို အသုံးျပဳထားတဲ့ဖုန္းေတြထဲမွာ ပထမဆုံး Android 10 Update ကိုရရွိလာတာလည္းျဖစ္ပါတယ္။ အခု Android 10 Update နဲ႔အတူ System-wide Dark Theme ၊ Gesture Navigation အသစ္နဲ႔ Performance Improvement ေတြရရွိလာမွာပါ။

Nokia ရဲ႕ Android 10 Update Roadmap အရေတာ့ ယခုႏွစ္မကုန္ခင္မွာတင္ Nokia ဖုန္းေတာ္ေတာ္မ်ားမ်ား Android 10 Update ရရွိလာမွာျဖစ္ၿပီး ေနာက္ႏွစ္အတြင္းမွာလည္း လက္ရွိေရာင္းခ်ေနတဲ့ Nokia ဖုန္းေတြအကုန္လုံးကို Android 10 Update ေပးသြားဦးမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Software Update ပိုင္းမွာေတာ့ Nokia ဖုန္းေတြက စိတ္အခ်ရဆုံးလို႔ေတာင္ ေျပာရမွာပါ။

Ref – Phone Arena

Unicode

Nokia စမတ်ဖုန်းတွေဟာ HMD Global ကနေ လက်လွှဲယူပြီးနောက်ပိုင်းမှာ Google ရဲ့ Android One OS ကိုပဲ အသုံးပြုလာသလို Software Update ပိုင်းမှာလည်း တခြားသော စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် သိသိသာသာကို မြန်ဆန်နေတာဖြစ်ပါတယ်။ အခုလည်း Nokia ကနေ သူ့ရဲ့ စမတ်ဖုန်းတမျိူးအတွက် Android 10 ကို Update ပြုလုပ်ပေးလိုက်ပါပြီ။

အခု Android 10 Update ကို ပထမဆုံးရရှိတဲ့ Nokia ဖုန်းကတော့ Nokia 8.1 ဖုန်းပဲဖြစ်ပြီးတော့ Pixel ဖုန်းတွေအပြင် Essential Phone ၊ OnePlus 7 နဲ့ 7 Pro ဖုန်းတွေပြီးရင် အစောဆုံး Android 10 Update ရရှိတဲ့ဖုန်းတစ်ခုလည်းဖြစ်လာပါတယ်။

Nokia 8.1 စမတ်ဖုန်းဟာ Qualcomm Snapdragon 710 Processor ကို အသုံးပြုထားတဲ့ High End ဖုန်းတစ်ခုဖြစ်ပြီးတော့ Nokia ရဲ့ အဆိုအရတော့ Snapdragon 710 Processor ကို အသုံးပြုထားတဲ့ဖုန်းတွေထဲမှာ ပထမဆုံး Android 10 Update ကိုရရှိလာတာလည်းဖြစ်ပါတယ်။ အခု Android 10 Update နဲ့အတူ System-wide Dark Theme ၊ Gesture Navigation အသစ်နဲ့ Performance Improvement တွေရရှိလာမှာပါ။

Nokia ရဲ့ Android 10 Update Roadmap အရတော့ ယခုနှစ်မကုန်ခင်မှာတင် Nokia ဖုန်းတော်တော်များများ Android 10 Update ရရှိလာမှာဖြစ်ပြီး နောက်နှစ်အတွင်းမှာလည်း လက်ရှိရောင်းချနေတဲ့ Nokia ဖုန်းတွေအကုန်လုံးကို Android 10 Update ပေးသွားဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Software Update ပိုင်းမှာတော့ Nokia ဖုန်းတွေက စိတ်အချရဆုံးလို့တောင် ပြောရမှာပါ။

Ref – Phone Arena