[Zawgyi]

ကနဦးသတင္းေတြမွာတုန္းကေတာ့ Nokia 8.2 ကို ဒီႏွစ္ကုန္ပိုင္းေလာက္မွာ ျဖန႔္ခ်ိမယ္လို႔ ေဖာ္ျပခဲ့ၾကတာပါ။ ဒါေပမယ့္ အသစ္ထပ္ထြက္လာတဲ့ေကာလာဟလမွာေတာ့ HMD global ဟာ Nokia 8.2 ကို ႐ိုး႐ိုးနဲ႔ 5G ဆိုၿပီး အမ်ိဳးအစား ႏွစ္မ်ိဳးခြဲထုတ္လုပ္သလို 5G အမ်ိဳးအစားကိုေတာ့ လာမယ့္ ၂၀၂၀ ျပည့္ အေစာပိုင္းမွာ ပြဲထုတ္ႏိုင္ဖြယ္ရွိတယ္လို႔ ေဖာ္ျပလာၾကပါတယ္။

NokiaPowerUser ကေတာ့ HMD ဟာ ေဈးႏႈန္းခ်ိဳသာတဲ့ 5G စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ ႀကိဳးစားေနေၾကာင္း အတြင္းသတင္းေတြအရ သိရတယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။ ဒီ Nokia 8.2 5G ဟန္းဆက္နဲ႔ပတ္သက္ၿပီး လြန္ခဲ့တဲ့လကတည္းက တစ္စြန္းတစ္စ သတင္းထြက္ထားတာေၾကာင့္ အခုသတင္းကလည္း ေစာင့္ၾကည့္ခ်င္စရာပါ။

ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတာက ေက်ာဘက္မွာ Quadruple-camera တပ္ဆင္ထားမွာျဖစ္ၿပီး အေရွ႕ဘက္ကင္မရာကေတာ့ Pop-up အမ်ိဳးအစား ျဖစ္တယ္ဆိုတာပါပဲ။ ဒါေၾကာင့္ Nokai 8.2 ႏွစ္မ်ိဳးစလုံးမွာ Notch ေရာ Punch-hole ပါ မပါဝင္ေတာ့ဘူးလို႔ ဆိုႏိုင္ပါတယ္။

ထပ္ၿပီးေဖာ္ျပထားတာက ေက်ာဘက္ရဲ႕ အဓိကကင္မရာဟာ 64MP ျဖစ္ၿပီး ကင္မရာေတြအားလုံးကို တပ္ဆင္ထားတာကေတာ့ စက္ဝိုင္းပုံစံဖြဲ႕စည္းမႈထဲမွာလို႔ သိရပါတယ္။ Nokia 7.2 ထက္ ပိုႀကီးတဲ့ ဆင္ဆာနဲ႔လည္း ျဖစ္လာမယ္လို႔ ဆိုပါတယ္။ ကင္မရာေတြအားလုံးကို ZEISS ပဲ အသုံးျပဳသြားဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

အတြင္းအစိတ္အပိုင္းေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ အခုထိေပါက္ၾကားမႈမရွိေသးေပမယ့္ Snapdragon 855 ကို အသုံးျပဳထားမယ္လို႔ ေကာလာဟလထြက္ခဲ့ဖူးပါတယ္။ HMD ဟာ Nokia 8.2 5G ကို လာမယ့္ MWC 2020 မွာ ေၾကညာသြားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Ref: Phone Arena

[Unicode]

လာမယ့် MWC 2020 မှာ Nokai 8.2 5G ကို တွေ့မြင်ရဖွယ်ရှိ

ကနဦးသတင်းတွေမှာတုန်းကတော့ Nokia 8.2 ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချိမယ်လို့ ဖော်ပြခဲ့ကြတာပါ။ ဒါပေမယ့် အသစ်ထပ်ထွက်လာတဲ့ကောလာဟလမှာတော့ HMD global ဟာ Nokia 8.2 ကို ရိုးရိုးနဲ့ 5G ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲထုတ်လုပ်သလို 5G အမျိုးအစားကိုတော့ လာမယ့် ၂၀၂၀ ပြည့် အစောပိုင်းမှာ ပွဲထုတ်နိုင်ဖွယ်ရှိတယ်လို့ ဖော်ပြလာကြပါတယ်။

NokiaPowerUser ကတော့ HMD ဟာ ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေကြောင်း အတွင်းသတင်းတွေအရ သိရတယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒီ Nokia 8.2 5G ဟန်းဆက်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့လကတည်းက တစ်စွန်းတစ်စ သတင်းထွက်ထားတာကြောင့် အခုသတင်းကလည်း စောင့်ကြည့်ချင်စရာပါ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ကျောဘက်မှာ Quadruple-camera တပ်ဆင်ထားမှာဖြစ်ပြီး အရှေ့ဘက်ကင်မရာကတော့ Pop-up အမျိုးအစား ဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် Nokai 8.2 နှစ်မျိုးစလုံးမှာ Notch ရော Punch-hole ပါ မပါဝင်တော့ဘူးလို့ ဆိုနိုင်ပါတယ်။

ထပ်ပြီးဖော်ပြထားတာက ကျောဘက်ရဲ့ အဓိကကင်မရာဟာ 64MP ဖြစ်ပြီး ကင်မရာတွေအားလုံးကို တပ်ဆင်ထားတာကတော့ စက်ဝိုင်းပုံစံဖွဲ့စည်းမှုထဲမှာလို့ သိရပါတယ်။ Nokia 7.2 ထက် ပိုကြီးတဲ့ ဆင်ဆာနဲ့လည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ကင်မရာတွေအားလုံးကို ZEISS ပဲ အသုံးပြုသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အတွင်းအစိတ်အပိုင်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ အခုထိပေါက်ကြားမှုမရှိသေးပေမယ့် Snapdragon 855 ကို အသုံးပြုထားမယ်လို့ ကောလာဟလထွက်ခဲ့ဖူးပါတယ်။ HMD ဟာ Nokia 8.2 5G ကို လာမယ့် MWC 2020 မှာ ကြေညာသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: Phone Arena