[Zawgyi]

Nokia 8.2 5G  မွာ ေနာက္ထြက္မယ့္ Snapdragon 735 Chipset ေမာင္းႏွင္ထားႏိုင္ၿပီး အဲဒီ ဖုန္းဟာ စြမ္းရည္ျမင့္ ဖုန္း မဟုတ္ဘဲ အလန္းစား စြမ္းရည္သင့္ ဖုန္း ျဖစ္လာမယ္လို႔ သတင္းထြက္ေနပါတယ္။ အရင္သတင္းေတြအရ Nokia 8.2 အတြက္ 4G နဲ႔ 5G ေမာ္ဒယ္ ၂ ခု ထုတ္လုပ္ေပးမယ္လို႔ သိရပါတယ္။ အခုေတာ့ Nokia Power User က Nokia 8.2 ကို 5G ေမာ္ဒယ္ ၁ ခုပဲ ထုတ္လုပ္ေပးမယ္လို႔ ေျပာပါတယ္။ အဲဒီ ဖုန္းကို လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress (MWC) 2020 မွာ ေၾကညာႏုိင္ပါတယ္။

Nokia 6.1 နဲ႔ Nokia 6.1 Plus လိုမ်ိဳး ေမာ္ဒယ္ ၂ ခု ထုတ္လုပ္တဲ့ အိုင္ဒီယာကို ကုမၸဏီက မျပဳလုပ္ေတာ့ဘူးလို႔ သတင္းထြက္လာပါတယ္။ Nokia 6.2 လိုမ်ိဳးပဲ Nokia 8.2 ကို ေမာ္ဒယ္ ၁ ခုပဲ ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ Nokia 8.2 ကို တျခားႏုိင္ငံေတြမွာ နာမည္ေျပာင္းၿပီး ေရာင္းခ်ႏုိင္ပါတယ္။ ဘယ္လိုနာမည္မ်ိဳးနဲ႔ထြက္လာတာပဲ ျဖစ္ျဖစ္ အဲဒီ ဖုန္းကို 5G ေမာ္ဒယ္ ၁ ခုသာ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Nokia 8.2 5G ဟာ Notch မပါဘဲ Pop-up Selfie Camera ပါတဲ့ Nokia ရဲ႕ ပထမဆံုး  ဖုန္း ျဖစ္လာမွာပါ။ 32MP Selfie Camera ပါလာႏုိင္ပါတယ္။ Qualcomm 8nm Snapdragon 730 Chipset ရဲ႕ မ်ိဳးဆက္သစ္ Snapdragon 735 ပါလာႏုိင္ပါတယ္။ Snapdragon 8XX Series ေတြၿပီးရင္ေတာ့ အဲဒီ Chipset ဟာ စြမ္းရည္အျမင့္ဆံုး ျဖစ္လာမွာပါ။ SD735 မွာ 5G Modem ထည့္သြင္းထားႏုိင္ပါတယ္။

Nokia 8.2 5G အတြက္ 4/64GB , 6/128GB နဲ႔ 8/256GB ေမာ္ဒယ္ေတြ ထုတ္လုပ္ထားႏုိင္ပါတယ္။ 8GB RAM ပါတဲ့ Nokia ရဲ႕ ပထမဆံုး ဖုန္းလည္း ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 64MP အပါအ၀င္ ကင္မရာ ၄ လံုး တပ္ဆင္ထားႏိုင္ပါတယ္။ ေဒၚလာ ၅၀၀ ေလာက္ရွိႏိုင္ၿပီး ျမန္မာေငြ ၇၅၀,၀၀၀ ေလာက္က်သင့္ႏုိင္ပါတယ္။ ေစ်းသိပ္မႀကီးတဲ့ 5G ဖုန္း ျဖစ္လာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Nokia 8.2 5G ကို MWC 2020 မှာ ကြေညာနိုင်

Nokia 8.2 5G မှာ နောက်ထွက်မယ့် Snapdragon 735 Chipset မောင်းနှင်ထားနိုင်ပြီး အဲဒီ ဖုန်းဟာ စွမ်းရည်မြင့် ဖုန်း မဟုတ်ဘဲ အလန်းစား စွမ်းရည်သင့် ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ အရင်သတင်းတွေအရ Nokia 8.2 အတွက် 4G နဲ့ 5G မော်ဒယ် ၂ ခု ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ အခုတော့ Nokia Power User က Nokia 8.2 ကို 5G မော်ဒယ် ၁ ခုပဲ ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2020 မှာ ကြေညာနိုင်ပါတယ်။

Nokia 6.1 နဲ့ Nokia 6.1 Plus လိုမျိုး မော်ဒယ် ၂ ခု ထုတ်လုပ်တဲ့ အိုင်ဒီယာကို ကုမ္ပဏီက မပြုလုပ်တော့ဘူးလို့ သတင်းထွက်လာပါတယ်။ Nokia 6.2 လိုမျိုးပဲ Nokia 8.2 ကို မော်ဒယ် ၁ ခုပဲ ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Nokia 8.2 ကို တခြားနိုင်ငံတွေမှာ နာမည်ပြောင်းပြီး ရောင်းချနိုင်ပါတယ်။ ဘယ်လိုနာမည်မျိုးနဲ့ထွက်လာတာပဲ ဖြစ်ဖြစ် အဲဒီ ဖုန်းကို 5G မော်ဒယ် ၁ ခုသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Nokia 8.2 5G ဟာ Notch မပါဘဲ Pop-up Selfie Camera ပါတဲ့ Nokia ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ 32MP Selfie Camera ပါလာနိုင်ပါတယ်။ Qualcomm 8nm Snapdragon 730 Chipset ရဲ့ မျိုးဆက်သစ် Snapdragon 735 ပါလာနိုင်ပါတယ်။ Snapdragon 8XX Series တွေပြီးရင်တော့ အဲဒီ Chipset ဟာ စွမ်းရည်အမြင့်ဆုံး ဖြစ်လာမှာပါ။ SD735 မှာ 5G Modem ထည့်သွင်းထားနိုင်ပါတယ်။

Nokia 8.2 5G အတွက် 4/64GB , 6/128GB နဲ့ 8/256GB မော်ဒယ်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 8GB RAM ပါတဲ့ Nokia ရဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံး တပ်ဆင်ထားနိုင်ပါတယ်။ ဒေါ်လာ ၅၀၀ လောက်ရှိနိုင်ပြီး မြန်မာငွေ ၇၅၀,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။ ဈေးသိပ်မကြီးတဲ့ 5G ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gizmochina