ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကြေညာခဲ့တဲ့ Nokia ရဲ့ ဖုန်း အသစ်တွေကို ဗြိတိန်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ Clove အရောင်းဆိုင်က စာရင်းတင်ထားပြီး ဈေးနှုန်းနဲ့ ပို့ဆောင်ပေးမယ့် အချိန်တွေကို ဖော်ပြထားပြီး Nokia Website မှာတော့ ကြိုတင်မှာယူခွင့် ရပ်နားထားပါတယ်။

Nokia 1.3 ကို Clove က ဒီလ ၁၆ ရက်နေ့လောက်မှာ ရောင်းချပေးမှာ ဖြစ်ပြီး စတာလင်ပေါင် ၈၀ တန်ကြေးရှိပါတယ်။ မြန်မာငွေ ၁ သိန်း ၄ သောင်းလောက်ပဲရှိတဲ့ တန်ဖိုးနည်း ဖုန်းလေး ဖြစ်ပါတယ်။ Charcoal , Cyan နဲ့ Sand အရောင် ၃ မျိုးထုတ်လုပ်ထားပြီး 1GB RAM/16GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ Android 10 Go Edition ဖုန်း ဖြစ်ပါတယ်။

Nokia 5.3 ကို နောက်လမှာ ရောင်းချပေးမှာ ဖြစ်ပြီး 4/64GB မော်ဒယ်ကို ၁၅၀ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၆ သောင်းလောက်ရှိပြီး Android 10 ရဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါ။ အရောင်တွေက Nokia 1.3 နဲ့ တူပြီး Dual SIM နဲ့ သီးခြား microSD Card Slot တွေ ပါပါတယ်။

HMD ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်တဲ့ Nokia 8.3 5G ကို ဇူလိုင်လမှာ ရောင်းမှာပါ။ စတာလင်ပေါင် ၅၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၇ သောင်းလောက်ရှိပါတယ်။ ဥရောပမှာတော့ ယူရို ၆၀၀ နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၉ သိန်းလောက်ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ အရောင် ၁ မျိုးထဲ ကြေညာထားပြီး ရောင်းချချိန်မှာ အရောင် အသစ်တွေ ထွက်လာနိုင်ပါတယ်။

Ref : gsmarena