Nokia 9 PureView ကို Android 11 Update မြှင့်ပေးမယ်လို့ ကတိပေးထားပေမဲ့ အခုအချိန်မှာတော့ အသုံးပြုသူတွေအတွက် မျှော်လင့်ချက်မဲ့သွားရပြီ ဖြစ်ပါတယ်။ ဟန်းဆက်အနေနဲ့ အခုအချိန်မှာ Security patches တွေကို လက်ခံရရှိနေဦးမှာဖြစ်သလို ပိုင်ရှင်တွေအနေနဲ့ Device သစ်အတွက် ၅၀% လျှော့ဈေးကို ရရှိမယ်လို့ ကုမ္ပဏီက အသိပေးလိုက်ပါတယ်။

Nokia ဟာ Software အတွေ့အကြုံသစ်အတွက် Android One program ကို စိတ်အားထက်သန်စွာနဲ့ လက်ခံခဲ့တဲ့ ကုမ္ပဏီကြီးဖြစ်ပြီး မကြာခဏဆိုသလိုလည်း Refreshed လုပ်လေ့ရှိပါတယ်။ ဒီလိုအစဉ်အလာနဲ့ အမှတ်တံဆိပ်ဟာ Nokia 9 PureView အတွက်လည်း အနည်းဆုံး OS Update နှစ်ကြိမ်နဲ့ Security patches သုံးနှစ် ထောက်ပံ့မယ်လို့ အာမခံထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာလကြာရှည်စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ ကုမ္ပဏီဟာ ကတိမတည်နိုင်တော့တဲ့အကြောင်း ထုတ်ပြန်လာတာကို ကြုံတွေ့ကြရပါတော့တယ်။

Nokia 9 PureView ဟာ လွန်ခဲ့တဲ့ဒီဇင်ဘာတုန်းက Android 9 Pie ကနေ Android 10 ဆီ အဆင့်မြှင့်တင်ခြင်းခံခဲ့ရပေမဲ့ ဒီနှစ်ဒီဇင်ဘာမှာတော့ Android 11 ဆီ မရောက်ရှိနိုင်တော့ဘဲ ဖြစ်နေပါတော့တယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ကျယ်ပြန့်တဲ့စမတ်ဖုန်းတွေဆီ OS သစ်တွေကို အချိန်နဲ့တပြေးညီပို့ဆောင်ပေးနိုင်ဖို့ အပြင်းအထန် ရုန်းကန်နေရတဲ့ ပုံစံကိုမြင်တွေ့နိုင်ပါတယ်။

Nokia 9 PureView ရဲ့ Android 11 update ကို ဒီနှစ် ဒုတိယသုံးလပတ်မှာ ထုတ်ပေးဖို့ စီစဉ်ထားခဲ့ဖူးပေမဲ့ တတိယသုံးလပတ်ဆီ ရွှေ့ဆိုင်းခဲ့ပါသေးတယ်။ အခုတော့ စောင့်မျှော်ရကျိုးမနပ်ဖြစ်ခဲ့ရပါပြီ။ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဈေးကွက်ပေါ်မူတည်ပြီးတော့ Nokia XR20 ဒါမှမဟုတ် အလားတူ Device ကို PureView ပိုင်ရှင်တွေအတွက် ၅၀% လျှော့ဈေးပေးပြီး ချွေးသိပ်ပေးတယ်ဆိုပေမဲ့ ဒါဟာ အသုံးပြုသူတွေအတွက် အမှန်တကယ်ကျေနပ်မှုကို ဖြစ်စေနိုင်မလားလို့ သံသယဖြစ်ရစေပါတယ်။

Ref: Android Police