Finland စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ HMD Global ကနေ Budget စမတ်ဖုန်းအသစ်ဖြစ်တဲ့ Nokia C20 Plus ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက Nokia C20 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သလို အခု C20 Plus ဟာလည်း အဆိုပါ C20 ဖုန်းနဲ့ အတော်များများဆင်တူနေတာကိုတွေ့ရပါတယ်။

Nokia C20 Plus စမတ်ဖုန်းဟာ Processor ပိုင်းမှာ Unisoc SC9863A ကို အသုံးပြုထားတာဖြစ်ပြီး RAM 3GB နဲ့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card Slot ကနေလည်း 256GB အထိ ထပ်မံတိုးချဲ့နိုင်မှာပါ။

Nokia C20 Plus ဟာ စွမ်းဆောင်ရည်ပိုင်းမှာတေ့ာ Budget ဖုန်းတစ်လုံးဖြစ်တဲ့အတွက် အားနည်းပေမယ့် တဖက်မှာလည်း Android 11 (Go Edition) ကို အသုံးပြုပေးထားတဲ့အတွက် ပုံမှန် Android OS ကို အသုံးပြုထားတဲ့ Budget ဖုန်းတွေထက် ပိုပြီးရှင်းလင်းသွက်လက်နေမှာဖြစ်ပါတယ်။ Android Update တွေအနေနဲ့လည်း ပိုပြီး မြန်မြန်ဆန်ဆန်ရရှိမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.5″ HD+ LCD Display ကိုပဲ သုံးစွဲပေးထားပြီး 5MP Selfie Camera ကို Waterdrop Notch Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ Back Camera အနေနဲ့ကတော့ 8MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုတော့ One-piece Polycarbonate Shell ကိုမှ 3D Corrugated Design နဲ့ ပြုလုပ်ထားပြီး တခြားသော Polycarbonate ကိုယ်ထည်နဲ့ ဖုန်းတွေထက် ပိုပြီး အကြမ်းခံမှာဖြစ်တယ်လို့သိရပါတယ်။ Fingerprint Sensor ပါဝင်မှာမဟုတ်ဘဲ Face Unlock ကိုပဲ Support ပေးထားမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 4950mAh Battery ကိုမှ MicroUSB ကနေတစ်ဆင့် 10W Charging နဲ့ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၁၀ (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာပါ။ အရောင်အနေနဲ့ကတော့ Black နဲ့ Blue ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena