[Zawgyi]

စက္ဝိုင္းပုံစံကင္မရာေဘာင္ထဲမွာ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္တို႔ကို စတုဂံပုံစံ ေနရာခ်ထားတဲ့ Nokia Daredevil ရဲ႕ ပုံရိပ္ေတြဟာ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကပဲ ေပါက္ၾကားထြက္ေပၚလာခဲ့ၿပီး ျဖစ္ပါတယ္။ ေပါက္ၾကားဓါတ္ပုံေတြမွာ ကင္မရာေတြကို အနီးကပ္ရွင္းလင္းစြာနဲ႔ ျမင္ေတြ႕ၾကရတာလည္း ျဖစ္ပါတယ္။

Nokia Anew ကေတာ့ Daredevil ကုဒ္နာမည္နဲ႔ ဒီစမတ္ဖုန္းဟာ Nokia 5.2 ျဖစ္လာလိမ့္မယ္လို႔ တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။ HMD ဟာ Nokia 5.2 ကို Zeiss, PureDisplay နဲ႔ OZO Audio ေတြနဲ႔အတူ ထုတ္လုပ္ဖို႔ အစီအစဥ္ခ်ထားေၾကာင္းလည္း ေရးသားခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း Nokia 5.2 ဟာ ပိုၿပီး တန္ဖိုးႀကီးတဲ့ စမတ္ဖုန္းအမ်ိဳးအစားထဲကို ဝင္ေရာက္လာမယ္လို႔ ဆိုခဲ့ပါေသးတယ္။

Nokia ကသာ ဒီ Feature ေတြကို အမွန္တကယ္ထည့္သြင္းခဲ့မယ္ဆိုရင္ ဒီစမတ္ဖုန္းဟာ အေတာ္ေလးကို ျပည့္စုံေကာင္းမြန္လာမယ္လို႔ ေမွ်ာ္လင့္ႏိုင္မွာ ျဖစ္ပါတယ္။ ေပါက္ၾကားခဲ့တဲ့ ဓါတ္ပုံအရ ကင္မရာသုံးလုံးရွိတာကို သိခဲ့ရေပမယ့္ သူတို႔နဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြကိုေတာ့ မသိခဲ့ရပါဘူး။ ကင္မရာ UI အရ Wide-angle ကင္မရာတစ္လုံးပါဝင္တယ္ဆိုတာပဲ သိခဲ့ရပါတယ္။

ေကာလာဟလေတြမွာေတာ့ အဓိကကင္မရာဟာ 48MP ဆင္ဆာနဲ႔ ျဖစ္မယ္လို႔ ေတြ႕ရပါတယ္။ Upper-mid-range သာျဖစ္ခဲ့မယ္ဆိုရင္ Snapdragon 710 ဒါမွမဟုတ္ 730 Chipset ကို သုံးလာဖြယ္ရွိတယ္လို႔ ခန႔္မွန္းရေပမယ့္ ေနာက္ထပ္ထြက္လာတဲ့ သတင္းေတြမွာေတာ့ Snapdragon 660 SoC သုံးၿပီး Nokia 5.2 အေနနဲ႔ ေဈးကြက္ထဲကို ပို႔ေဆာင္မယ္လို႔ ေဖာ္ျပထားၾကတာကို ေတြ႕ျမင္ရပါတယ္။ 3,500 mAh ဘက္ထရီကို သုံးလာမယ္ဆိုေပမယ့္ အျမန္အားသြင္းစနစ္ေတာ့ ပါလာမွာမဟုတ္ဘူးလို႔လည္း သတင္းအခ်ိဳ႕က ေဖာ္ျပထားပါေသးတယ္။

Ref: GSMArena

[Unicode]

Nokia Daredevil ဟာ Nokia 5.2 ဖြစ်လာမယ်လို့ သတင်းထွက်ပေါ်

စက်ဝိုင်းပုံစံကင်မရာဘောင်ထဲမှာ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်တို့ကို စတုဂံပုံစံ နေရာချထားတဲ့ Nokia Daredevil ရဲ့ ပုံရိပ်တွေဟာ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ ပေါက်ကြားဓါတ်ပုံတွေမှာ ကင်မရာတွေကို အနီးကပ်ရှင်းလင်းစွာနဲ့ မြင်တွေ့ကြရတာလည်း ဖြစ်ပါတယ်။

Nokia Anew ကတော့ Daredevil ကုဒ်နာမည်နဲ့ ဒီစမတ်ဖုန်းဟာ Nokia 5.2 ဖြစ်လာလိမ့်မယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ HMD ဟာ Nokia 5.2 ကို Zeiss, PureDisplay နဲ့ OZO Audio တွေနဲ့အတူ ထုတ်လုပ်ဖို့ အစီအစဉ်ချထားကြောင်းလည်း ရေးသားခဲ့ပါသေးတယ်။ ဒါကြောင့်လည်း Nokia 5.2 ဟာ ပိုပြီး တန်ဖိုးကြီးတဲ့ စမတ်ဖုန်းအမျိုးအစားထဲကို ဝင်ရောက်လာမယ်လို့ ဆိုခဲ့ပါသေးတယ်။

Nokia ကသာ ဒီ Feature တွေကို အမှန်တကယ်ထည့်သွင်းခဲ့မယ်ဆိုရင် ဒီစမတ်ဖုန်းဟာ အတော်လေးကို ပြည့်စုံကောင်းမွန်လာမယ်လို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံအရ ကင်မရာသုံးလုံးရှိတာကို သိခဲ့ရပေမယ့် သူတို့နဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ မသိခဲ့ရပါဘူး။ ကင်မရာ UI အရ Wide-angle ကင်မရာတစ်လုံးပါဝင်တယ်ဆိုတာပဲ သိခဲ့ရပါတယ်။

ကောလာဟလတွေမှာတော့ အဓိကကင်မရာဟာ 48MP ဆင်ဆာနဲ့ ဖြစ်မယ်လို့ တွေ့ရပါတယ်။ Upper-mid-range သာဖြစ်ခဲ့မယ်ဆိုရင် Snapdragon 710 ဒါမှမဟုတ် 730 Chipset ကို သုံးလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပေမယ့် နောက်ထပ်ထွက်လာတဲ့ သတင်းတွေမှာတော့ Snapdragon 660 SoC သုံးပြီး Nokia 5.2 အနေနဲ့ ဈေးကွက်ထဲကို ပို့ဆောင်မယ်လို့ ဖော်ပြထားကြတာကို တွေ့မြင်ရပါတယ်။ 3,500 mAh ဘက်ထရီကို သုံးလာမယ်ဆိုပေမယ့် အမြန်အားသွင်းစနစ်တော့ ပါလာမှာမဟုတ်ဘူးလို့လည်း သတင်းအချို့က ဖော်ပြထားပါသေးတယ်။

Ref: GSMArena