အခုနောက်ပိုင်းမှာ Nokia ဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Mid Range စမတ်ဖုန်းအများအပြားကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စမတ်ဖုန်းတွေအပြင် တခြားသော Accessories တွေကို မိတ်ဆက်နေတာဖြစ်ပါတယ်။

အခုလည်း Nokia ကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ TWS Earbuds ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Earbuds ကိုတော့ Nokia E3103 True Wireless (TWS) Earbuds လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

Nokia E3103 TWS Earbuds ဟာ Bluetooth 5.1 ကို အသုံးပြုထားတာဖြစ်တာကြောင့် အသံအရည်အသွေးအပြင် Battery စားသုံးမှုပိုင်းမှာပါ ပိုပြီးသက်သာစေမှာဖြစ်ပါတယ်။ Audio Driver အနေနဲ့ကတော့ ကြီးမားတဲ့ 13mm Driver ကိုပဲ အသုံးပြုထားပြီး Battery အနေနဲ့ကတော့ Earbuds တစ်ခုစီမှာ 37mAh Battery ပါဝင်မှာပါ။ Charging Case အနေနဲ့ကတော့ 320mAh Battery ပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် Nokia E3103 TWS Earbuds ဟာ Earbuds တစ်ခုချင်းအနေနဲ့ အသုံးပြုမယ်ဆိုရင် အချိန်အားဖြင့် ၇ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် စုစုပေါင်း ၃၈ နာရီအထိ နားထောင်နိုင်မှာပါ။ IPX4 Waterproof Rating ကို ရရှိထားတဲ့အပြင် Voice Assistant တွေကိုလည်း Support ပြုလုပ်ထားပါသေးတယ်။

အရောင်အနေနဲ့ကတော့ White ၊ Pink နဲ့ Black ဆိုပြီး ၃ ရောင်ထွက်ရှိထားပြီးတော့ စျေးနှုန်းနဲ့ တခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China