Nokia ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Purebook X14 နာမည်နဲ့ Laptop ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် Purebook S14 လိုမျိုး နာမည်နဲ့ Laptop အသစ်ကို India နိုင်ငံအတွက် အသစ်ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အခုထပ်မံမိတ်ဆက်လိုက်တဲ့ Nokia Purebook S14 Laptop ဟာဆိုရင် Design ပိုင်းမှာ ယခင် Purebook X14 လောက်တော့ ပါးလွှာပေါ့ပါးခြင်းမရှိပေမယ့် Processor ပိုင်းအသစ်နဲ့ Windows 11 ကို တခါတည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် လုံးဝကို Update အနေနဲ့ အသုံးပြုနိုင်မှာပါ။

Specification အနေနဲ့ကတော့ Purebook S14 ဟာ 11th Gen Intel Core i5 Processor ကိုမှ Iris Xe Graphic လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါက ယခင် 10th Gen i5 Processor နဲ့ ယှဥ်ရင် ပိုကောင်းလာမှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB သို့မဟုတ် 16GB ရွေးချယ်နိုင်မှာဖြစ်ပြီး 512GB NVMe SSD လည်းပါဝင်မှာပါ။

Display ပိုင်းမှာတော့ 14″ IPS LCD Display ကိုထည့်သွင်းပေးထားပြီး Full HD Resolution ရှိမှာဖြစ်ပါတယ်။ ဘေးဘောင်တွေက ပါးလွှာပြီးတော့ USB-C ၊ USB-A ၊ HDMI ၊ 3.5mm Headphone Port အပြင် MicroSD Card Slot တွေပါ ထည့်သွင်းပေးထားပါတယ်။ အလေးချိန်အနေနဲ့ 1.4Kg ရှိမှာဖြစ်ပြီး ယခင် Purebook X14 ရဲ့ 1.1Kg ထက် အနည်းငယ်ပိုလေးမှာဖြစ်ပါတယ်။

Nokia ဟာ ယခု Purebook S14 ကို စျေးနှုန်းအနေနဲ့ INR 57,000 (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) နဲ့ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ India နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena