[Zawgyi]

Nokia က သူ႔ရဲ႕ ပထမဆံုး Smart TV ကို အိႏၵိယမွာ ခ်ျပေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ Smart TV ကို အိႏၵိယရဲ႕ အြန္လိုင္းစတိုး Flipkart နဲ႔ ပူးေပါင္း ေရာင္းခ်မယ္လို႔ ဒီလ အေစာပိုင္းက သတင္းထြက္ခဲ့ပါတယ္။ Honor, Motorola , OnePlus နဲ႔ Huawei တို႔ၿပီးေနာက္ Smart TV နယ္ပယ္ကို ၀င္ေရာက္လာတဲ့ ကုမၸဏီ ျဖစ္လာမွာပါ။

အခုေတာ့ Nokia Smart TV ရဲ႕ ဓါတ္ပံုနဲ႔ သတင္းအခ်က္အလက္ေတြ ထြက္ေပၚလာပါတယ္။ Digit.in က မွ်ေ၀လိုက္တဲ့ ဓါတ္ပံုမွာ TV ရဲ႕ ေထာင့္စြန္း အပိုင္းကို ျမင္ရပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္ေတြဟာ ေတာက္ေျပာင္တဲ့ သတၱဳ ဒီဇိုင္း ျဖစ္ၿပီး “Sound by JBL” စာသားကို ျမင္ရပါတယ္။ Flipkart က Nokia ရဲ႕ Smart TV မွာ အသံအရည္အေသြး အရမ္းလန္းေစမယ့္ Minimal Harmonic Distortion နဲ႔ Clear Vocal Tones တို႔လို လုပ္ေဆာင္ခ်က္ေတြ ပါမယ္လို႔ သတင္းေပးထားပါတယ္။

ဒါတင္မကေသးပါဘူး။ Dolby Audio နဲ႔ DTS TruSurround ေတြေၾကာင့္ အသံထြက္က လန္ထြက္ေနမွာပါ။ အဲဒီ TV ရဲ႕ သတင္းအခ်က္အလက္ေတြ BIS (Bureau of Indian Standards) မွာ မၾကာခင္ ထြက္ေပၚခဲ့ၿပီး ၅၅ လက္မ မ်က္ႏွာျပင္နဲ႔ 4K Ultra HD Resolution ပါမယ္ဆိုတာ သိခဲ့ရပါတယ္။ Android 9 အေျချပဳ OS ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး Google Play Store ပါလာမွာပါ။

အိႏၵိယမွာ Nokia ရဲ႕ Smart TV ဟာ Xiaomi Mi TV, OnePlus TV , Motorola TV တို႔နဲ႔ ယွဥ္ဖိုက္ရေတာ့မွာပါ။ Nokia ရဲ႕ Smart TV ကို အိႏၵိယမွာ Flipkart ကေနပဲ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Nokia Smart TV ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာ

Nokia က သူ့ရဲ့ ပထမဆုံး Smart TV ကို အိန္ဒိယမှာ ချပြတော့မှာ ဖြစ်ပါတယ်။ အဲဒီ Smart TV ကို အိန္ဒိယရဲ့ အွန်လိုင်းစတိုး Flipkart နဲ့ ပူးပေါင်း ရောင်းချမယ်လို့ ဒီလ အစောပိုင်းက သတင်းထွက်ခဲ့ပါတယ်။ Honor, Motorola , OnePlus နဲ့ Huawei တို့ပြီးနောက် Smart TV နယ်ပယ်ကို ဝင်ရောက်လာတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

အခုတော့ Nokia Smart TV ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ Digit.in က မျှဝေလိုက်တဲ့ ဓါတ်ပုံမှာ TV ရဲ့ ထောင့်စွန်း အပိုင်းကို မြင်ရပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေဟာ တောက်ပြောင်တဲ့ သတ္တု ဒီဇိုင်း ဖြစ်ပြီး “Sound by JBL” စာသားကို မြင်ရပါတယ်။ Flipkart က Nokia ရဲ့ Smart TV မှာ အသံအရည်အသွေး အရမ်းလန်းစေမယ့် Minimal Harmonic Distortion နဲ့ Clear Vocal Tones တို့လို လုပ်ဆောင်ချက်တွေ ပါမယ်လို့ သတင်းပေးထားပါတယ်။

ဒါတင်မကသေးပါဘူး။ Dolby Audio နဲ့ DTS TruSurround တွေကြောင့် အသံထွက်က လန်ထွက်နေမှာပါ။ အဲဒီ TV ရဲ့ သတင်းအချက်အလက်တွေ BIS (Bureau of Indian Standards) မှာ မကြာခင် ထွက်ပေါ်ခဲ့ပြီး ၅၅ လက်မ မျက်နှာပြင်နဲ့ 4K Ultra HD Resolution ပါမယ်ဆိုတာ သိခဲ့ရပါတယ်။ Android 9 အခြေပြု OS မောင်းနှင်ထားမှာ ဖြစ်ပြီး Google Play Store ပါလာမှာပါ။

အိန္ဒိယမှာ Nokia ရဲ့ Smart TV ဟာ Xiaomi Mi TV, OnePlus TV , Motorola TV တို့နဲ့ ယှဉ်ဖိုက်ရတော့မှာပါ။ Nokia ရဲ့ Smart TV ကို အိန္ဒိယမှာ Flipkart ကနေပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gizmochina