[Zawgyi]

Feature ဖုန္းေတြမွာ ဘုရင္တစ္ဆူလို႔ေျပာရမယ့္ Nokia ဟာ စမတ္ဖုန္းေခတ္ေျပာင္းသြားခ်ိန္မွာ ေရစီးေၾကာင္းနဲ႔အတူ လိုက္ပါလာျခင္းမရွိဘဲ အေတာ္ေဝးေဝးကို ျပတ္က်န္ခဲ့ပါေသးတယ္။ ဒါေပမယ့္ Nokia PureView ကို ျပသခဲ့ၿပီးတဲ့ေနာက္ပိုင္း အမွတ္တံဆိပ္နဲ႔ အမည္နာမကို မိုလ္ဘိုင္းဖုန္းေလာကထဲမွာ ျပန္လည္ၿပီး သက္ဝင္ေစႏိုင္ခဲ့ပါတယ္။

GSM Arena ရဲ႕ေဖာ္ျပခ်က္အရေတာ့ လာမယ့္ ဇြန္လ ၆ ရက္ေန႔မွာ Nokai 1 Plus နဲ႔ Nokia 9 PureView တို႔ကို အိႏၵိယႏိုင္ငံ နယူးေဒလီမွာ မိတ္ဆက္ျဖန႔္ခ်ိေတာ့မယ္လို႔ သိရပါတယ္။ အျခားသတင္းရင္းျမစ္တစ္ခုရဲ႕ ေဖာ္ျပမႈမွာလည္း အလားတူအခ်ိန္အေတာအတြင္း အီတလီမွာလည္း မိတ္ဆက္ျဖန႔္ခ်ိမႈကို ျပဳလုပ္မယ္လို႔ သိရပါတယ္။ ဒီေတာ့ Nokia ဟာ စမတ္ဖုန္းသစ္တစ္မ်ိဳးကို ကမာၻ႔တစ္ဝန္း မိတ္ဆက္ျဖန႔္ခ်ိဖို႔ ျပဳလုပ္ေနတယ္လို႔ ယူဆရပါတယ္။

အခုအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးတာက Nokia ကေန မိတ္ဆက္လာမယ့္ စမတ္ဖုန္းသစ္ဟာ ဘာလဲ၊ ဘယ္လိုအမ်ိဳးအစားလဲဆိုတာပါပဲ။ ဖိတ္စာမွာလည္း မိတ္ဆက္မယ့္ဖုန္းနဲ႔ပတ္သက္ၿပီး ရည္ၫႊန္းေဖာ္ျပထားတာ မရွိဘဲ “Global” ဆိုတဲ့ ေဝါဟာရကိုပဲ ရည္ၫႊန္းထားေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ Nokia ကေန မိတ္ဆက္မယ့္ စမတ္ဖုန္းဟာ Nokia 9 PureView မဟုတ္သလို၊ Nokai 1 Plus လည္း မျဖစ္ႏိုင္ဘဲ အျခားအမ်ိဳးအစား စမတ္ဖုန္းသစ္တစ္မ်ိဳးသာ ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ေနၾကတာ ျဖစ္ပါတယ္။

အခုအခ်ိန္ထိ ၾကားသိခဲ့ရတဲ့သတင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ Snapdragon 429 အသုံးျပဳထားတဲ့ စမတ္ဖုန္းလိုမ်ိဳး အလားတူဖုန္းအမ်ိဳးအစားျဖစ္ႏိုင္တယ္လို႔ ယူဆရဖြယ္ရွိပါတယ္။ HMD Global ဟာ Nokai 5.1, Nokia 3.1 နဲ႔ Nokai 2.1 တို႔ကို ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာ ေၾကညာခဲ့ဖူးတာေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း အဆိုပါဖုန္းေတြကို ဆက္ခံမယ့္အမ်ိဳးအစား ျဖစ္ႏိုင္မလားလို႔ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

စမတ်ဖုန်းသစ်တစ်လုံးကို ထပ်မံမိတ်ဆက်ဖွယ်ရှိနေတဲ့ Nokia

Feature ဖုန်းတွေမှာ ဘုရင်တစ်ဆူလို့ပြောရမယ့် Nokia ဟာ စမတ်ဖုန်းခေတ်ပြောင်းသွားချိန်မှာ ရေစီးကြောင်းနဲ့အတူ လိုက်ပါလာခြင်းမရှိဘဲ အတော်ဝေးဝေးကို ပြတ်ကျန်ခဲ့ပါသေးတယ်။ ဒါပေမယ့် Nokia PureView ကို ပြသခဲ့ပြီးတဲ့နောက်ပိုင်း အမှတ်တံဆိပ်နဲ့ အမည်နာမကို မိုလ်ဘိုင်းဖုန်းလောကထဲမှာ ပြန်လည်ပြီး သက်ဝင်စေနိုင်ခဲ့ပါတယ်။

GSM Arena ရဲ့ဖော်ပြချက်အရတော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ Nokai 1 Plus နဲ့ Nokia 9 PureView တို့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ အခြားသတင်းရင်းမြစ်တစ်ခုရဲ့ ဖော်ပြမှုမှာလည်း အလားတူအချိန်အတောအတွင်း အီတလီမှာလည်း မိတ်ဆက်ဖြန့်ချိမှုကို ပြုလုပ်မယ်လို့ သိရပါတယ်။ ဒီတော့ Nokia ဟာ စမတ်ဖုန်းသစ်တစ်မျိုးကို ကမ္ဘာ့တစ်ဝန်း မိတ်ဆက်ဖြန့်ချိဖို့ ပြုလုပ်နေတယ်လို့ ယူဆရပါတယ်။

အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးတာက Nokia ကနေ မိတ်ဆက်လာမယ့် စမတ်ဖုန်းသစ်ဟာ ဘာလဲ၊ ဘယ်လိုအမျိုးအစားလဲဆိုတာပါပဲ။ ဖိတ်စာမှာလည်း မိတ်ဆက်မယ့်ဖုန်းနဲ့ပတ်သက်ပြီး ရည်ညွှန်းဖော်ပြထားတာ မရှိဘဲ “Global” ဆိုတဲ့ ဝေါဟာရကိုပဲ ရည်ညွှန်းထားကြောင်း သိရပါတယ်။ ဒါကြောင့် Nokia ကနေ မိတ်ဆက်မယ့် စမတ်ဖုန်းဟာ Nokia 9 PureView မဟုတ်သလို၊ Nokai 1 Plus လည်း မဖြစ်နိုင်ဘဲ အခြားအမျိုးအစား စမတ်ဖုန်းသစ်တစ်မျိုးသာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနေကြတာ ဖြစ်ပါတယ်။

အခုအချိန်ထိ ကြားသိခဲ့ရတဲ့သတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Snapdragon 429 အသုံးပြုထားတဲ့ စမတ်ဖုန်းလိုမျိုး အလားတူဖုန်းအမျိုးအစားဖြစ်နိုင်တယ်လို့ ယူဆရဖွယ်ရှိပါတယ်။ HMD Global ဟာ Nokai 5.1, Nokia 3.1 နဲ့ Nokai 2.1 တို့ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကြေညာခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်မှာလည်း အဆိုပါဖုန်းတွေကို ဆက်ခံမယ့်အမျိုးအစား ဖြစ်နိုင်မလားလို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena