Zawgyi

HMD Global အေနနဲ႔ ၿပီးခဲ့တဲ့ ၂ရက္တုန္းက Nokia X5 နဲ႔ Nokia X6 တို႔ကို မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာေတာ့ Nokia 5.1 Plus နဲ႔ Nokia 6.1 Plus ဆိုၿပီး မိတ္ဆက္ခဲ့တာပါ။ Nokia 5.1 Plus ရဲ႕ ေစ်းႏႈန္းကို တရားဝင္ ထုတ္ျပန္ေၾကျငာသြားျခင္း မရွိေပမယ့္ Nokia 6.1 Plus ရဲ႕ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၅,၉၉၉ ႐ူပီး (ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ HMD Global အေနနဲ႔ Nokia X7 ကို ထပ္မံ ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ Nokia X7 နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ Vtechgraphy ကေနတဆင့္ ေပါက္ၾကားထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ Nokia X7 ရဲ႕ Display ဟာ ၆လက္မေက်ာ္ ရွိႏိုင္ၿပီး 19:9 Aspect ratio နဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ မၾကာေသးမီက ထြက္ရွိထားတဲ့ Qualcomm ရဲ႕ Snapdragon 710 SoC ကို အသုံးျပဳႏိုင္ဖြယ္ရွိၿပီး RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားႏိုင္ပါတယ္။

Nokia X7 ရဲ႕ ေစ်းႏႈန္းဟာ တ႐ုတ္ေငြ ၂၀၀၀ ယြမ္ (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္) က်သင့္ႏိုင္ၿပီး စက္တင္ဘာလ ၁၅ရက္ေန႔ေလာက္မွာ မိတ္ဆက္ႏိုင္ဖြယ္ရွိတယ္လို႔ ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။

Unicode

Nokia X7 မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ HMD Global

HMD Global အနေနဲ့ ပြီးခဲ့တဲ့ ၂ရက်တုန်းက Nokia X5 နဲ့ Nokia X6 တို့ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ Nokia 5.1 Plus နဲ့ Nokia 6.1 Plus ဆိုပြီး မိတ်ဆက်ခဲ့တာပါ။ Nokia 5.1 Plus ရဲ့ စျေးနှုန်းကို တရားဝင် ထုတ်ပြန်ကြေငြာသွားခြင်း မရှိပေမယ့် Nokia 6.1 Plus ရဲ့ စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၅,၉၉၉ ရူပီး (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ HMD Global အနေနဲ့ Nokia X7 ကို ထပ်မံ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Nokia X7 နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာ Vtechgraphy ကနေတဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် Nokia X7 ရဲ့ Display ဟာ ၆လက်မကျော် ရှိနိုင်ပြီး 19:9 Aspect ratio နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် မကြာသေးမီက ထွက်ရှိထားတဲ့ Qualcomm ရဲ့ Snapdragon 710 SoC ကို အသုံးပြုနိုင်ဖွယ်ရှိပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားနိုင်ပါတယ်။

Nokia X7 ရဲ့ စျေးနှုန်းဟာ တရုတ်ငွေ ၂၀၀၀ ယွမ် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်ပြီး စက်တင်ဘာလ ၁၅ရက်နေ့လောက်မှာ မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။