[Zawgyi]

Nokia X71 စမတ္ဖုန္းသစ္ဟာ တရုတ္ျပည္တြင္းမွာေတာ့ Redmi Note 7 Pro နဲ႔ Vivo V15 Pro တုိ႔လို Mid-range တန္း ၿပိဳင္ဘက္ေကာင္းေတြနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။ ဒီဟန္းဆက္မွာ 48MP + 8MP စြယ္စုံကင္မရာအတြဲနဲ႔ Punch-hole Display တုိ႔ပါဝင္ပါတယ္။ ဒီေန႔မွာေတာ့ တရုတ္စမတ္ဖုန္းသုံးစြဲသူေတြဟာ HMD ရဲ႕ေနာက္ဆုံးေပၚ ဖုန္းကို တရားဝင္ Nokia ဝက္ဆုိက္ကေန ႀကိဳတင္မွာယူလို႔ ရေနတာကို ေတြ႕ရပါတယ္။

Nokia X71 ဖုန္းမွာ 6.39” လက္မအရြယ္ 1080p + LCD Display တစ္ခုနဲ႔အတူ Punch-hole ထဲမွာ 16MP ကင္မရာတစ္လုံး ထည့္သြင္းထားတယ္။ အတြင္းမွာေတာ့ Snapdragon 660 ခ်စ္ပ္ဆက္ကုိ 6GB RAM မန္မုိရီနဲ႔တြဲဖက္ထားကာ 64 / 128 GB Storage ေရြးခ်ယ္ႏုိင္မွာပါ။

ေနာက္ဘက္မွာ Nokia အတြက္ ပထမဆုံး Triple Camera အတြဲကိုထည့္ထားၿပီး 48MP f/1.8 အဓိက ကင္မရာနဲ႔အတူ Ultra-wide 8MP နဲ႔ 5MP Depth Sensor ေတြပါဝင္ပါတယ္။

X71 ဖုန္းဟာ တရုတ္ယြမ္ေငြ ၂,၁၉၉ (ျမန္မာေငြ ငါးသိန္းနီးပါး) မွစတင္ၿပီး 128GB ဗားရွင္းကေတာ့ တရုတ္ယြမ္ေငြ ၂,၆၉၉ (ျမန္မာေငြေျခာက္သိန္းဝန္းက်င္) က်သင့္မွာပါ။ ႀကိဳတင္မွာယူသူေတြကို ဧၿပီလ ၁၇ ရက္ေန႔မွာ တင္ပို႔လာမယ္လို႔ ဆုိၿပီး သတင္းေတြအရေတာ့ X71 ကို ႏုိင္ငံတကာေစ်းကြက္မွာ Nokia 8.1 Plus အေနနဲ႔ မိတ္ဆက္လာဖို႔ ရွိကာ မိတ္ဆက္လာမယ့္ရက္ကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

Nokia X71 စမတ်ဖုန်းသစ်ဟာ တရုတ်ပြည်တွင်းမှာတော့ Redmi Note 7 Pro နဲ့ Vivo V15 Pro တို့လို Mid-range တန်း ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီဟန်းဆက်မှာ 48MP + 8MP စွယ်စုံကင်မရာအတွဲနဲ့ Punch-hole Display တို့ပါဝင်ပါတယ်။ ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်းသုံးစွဲသူတွေဟာ HMD ရဲ့နောက်ဆုံးပေါ် ဖုန်းကို တရားဝင် Nokia ဝက်ဆိုက်ကနေ ကြိုတင်မှာယူလို့ ရနေတာကို တွေ့ရပါတယ်။

Nokia X71 ဖုန်းမှာ 6.39” လက်မအရွယ် 1080p + LCD Display တစ်ခုနဲ့အတူ Punch-hole ထဲမှာ 16MP ကင်မရာတစ်လုံး ထည့်သွင်းထားတယ်။ အတွင်းမှာတော့ Snapdragon 660 ချစ်ပ်ဆက်ကို 6GB RAM မန်မိုရီနဲ့တွဲဖက်ထားကာ 64 / 128 GB Storage ရွေးချယ်နိုင်မှာပါ။

နောက်ဘက်မှာ Nokia အတွက် ပထမဆုံး Triple Camera အတွဲကိုထည့်ထားပြီး 48MP f/1.8 အဓိက ကင်မရာနဲ့အတူ Ultra-wide 8MP နဲ့ 5MP Depth Sensor တွေပါဝင်ပါတယ်။

X71 ဖုန်းဟာ တရုတ်ယွမ်ငွေ ၂,၁၉၉ (မြန်မာငွေ ငါးသိန်းနီးပါး) မှစတင်ပြီး 128GB ဗားရှင်းကတော့ တရုတ်ယွမ်ငွေ ၂,၆၉၉ (မြန်မာငွေခြောက်သိန်းဝန်းကျင်) ကျသင့်မှာပါ။ ကြိုတင်မှာယူသူတွေကို ဧပြီလ ၁၇ ရက်နေ့မှာ တင်ပို့လာမယ်လို့ ဆိုပြီး သတင်းတွေအရတော့ X71 ကို နိုင်ငံတကာဈေးကွက်မှာ Nokia 8.1 Plus အနေနဲ့ မိတ်ဆက်လာဖို့ ရှိကာ မိတ်ဆက်လာမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena