Zawgyi

HMD Global အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Nokia 9 ကို MWC 2019 မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ Nokia 9 ဟာ ေနာက္ေက်ာဘက္ ကင္မရာ ၅လုံး တပ္ဆင္ထားမယ့္ ဖုန္းတစ္လုံး ျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္း ခံေနရသလို ေကာလဟလ သတင္းေတြကလည္း ထြက္ၿပီးရင္း ထြက္ေနဆဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံရွိ လူမႈ႕ကြန္ရက္ ဝက္ဆိုက္တစ္ခုျဖစ္တဲ့ Weibo ကေန တစ္ဆင့္ Nokia 9 ရဲ႕ ေရွ႕၊ ေနာက္ ဓာတ္ပုံေတြနဲ႔အတူ ေစ်းႏႈန္းေတြပါ ေပါက္ၾကားထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

 

Nokia 9 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Optical Image Stabilization (OIS) ပါတဲ့ 12MP Camera ၂လုံး၊ 16MP Camera ၂လုံးနဲ႔ 8MP Camera ၁လုံးတို႔ကို စက္ဝိုင္းပုံစံ ေပါင္းစပ္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 12MP Camera ကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ In-display Fingerprint Sensor ပါဝင္လာႏိုင္ၿပီး RAM အေနနဲ႔ 6GB ထည့္သြင္းထားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။ Memory Storage ကိုေတာ့ 64GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ႏိုင္ဖြယ္ ရွိပါတယ္။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 845 SoC ကို အသုံးျပဳထားႏိုင္ၿပီး ၆.၀၁ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Curved Display နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ Nokia ရဲ႕ ေစ်းႏႈန္းဟာ တ႐ုတ္ေငြ ၄၇၉၉ ယြမ္ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္) ရွိတယ္လို႔ သိရပါတယ္။

Ref : gadgets.ndtv

Unicode

ကင်မရာ ၅လုံးပါမယ့် Nokia 9 ရဲ့ စျေးနှုန်းများ ပေါက်ကြားထွက်ပေါ်

HMD Global အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Nokia 9 ကို MWC 2019 မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Nokia 9 ဟာ နောက်ကျောဘက် ကင်မရာ ၅လုံး တပ်ဆင်ထားမယ့် ဖုန်းတစ်လုံး ဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်း ခံနေရသလို ကောလဟလ သတင်းတွေကလည်း ထွက်ပြီးရင်း ထွက်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံရှိ လူမှု့ကွန်ရက် ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Weibo ကနေ တစ်ဆင့် Nokia 9 ရဲ့ ရှေ့၊ နောက် ဓာတ်ပုံတွေနဲ့အတူ စျေးနှုန်းတွေပါ ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Nokia 9 ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Optical Image Stabilization (OIS) ပါတဲ့ 12MP Camera ၂လုံး၊ 16MP Camera ၂လုံးနဲ့ 8MP Camera ၁လုံးတို့ကို စက်ဝိုင်းပုံစံ ပေါင်းစပ်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 12MP Camera ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် In-display Fingerprint Sensor ပါဝင်လာနိုင်ပြီး RAM အနေနဲ့ 6GB ထည့်သွင်းထားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါသေးတယ်။ Memory Storage ကိုတော့ 64GB နဲ့ 256GB ဆိုပြီး ၂မျိူး ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။

Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုထားနိုင်ပြီး ၆.၀၁ လက်မ မျက်နှာပြင် အကျယ်ရှိ Curved Display နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Nokia ရဲ့ စျေးနှုန်းဟာ တရုတ်ငွေ ၄၇၉၉ ယွမ် (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။

Ref : gadgets.ndtv