[Zawgyi]

HMD Global ဟာ Nokia 210, Nokia 1 Plus, Nokia 3.2, Nokia 4.2 နဲ႔ Nokia 9 PureVeiw စမတ္ဖုန္းေတြကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Nokia 9 PureView မွအပ က်န္တဲ့ စမတ္ဖုန္းအားလုံးဟာ Budget စမတ္ဖုန္းေတြ ျဖစ္ၾကပါတယ္။ Nokia 9 PureView ကေတာ့ Flagship ျဖစ္ၿပီး ကမာၻ႔ပထမဦးဆုံး ေက်ာဘက္ကင္မရာ ၅လုံးပါတဲ့ စမတ္ဖုန္းအျဖစ္ ပြဲထြက္ခဲ့တာပါ။

ဒီေန႔မွာေတာ့ တ႐ုတ္ႏိုင္ငံအေျခစိုက္ မီဒီယာတစ္ခုက Nokia 9 PureView နဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို အင္တာနက္ေပၚမွာ မွ်ေဝလာခဲ့ပါတယ္။ အဆိုပါ ဓာတ္ပုံေတြအရဆိုရင္ Nokia 9 PureView ရဲ႕ ကင္မရာ အစြမ္းသတၱိက ေဆြမ်ိဴးေမ့သြားေစ႐ုံသာမက၊ မိမိ၏ မေဟသီနဲ႔ မိမိကိုယ္ မိမိပါ ေမ့သြားေစေလာက္ေအာင္ လန္းတယ္လို႔ ေျပာရမွာပါ။ (အတိသယဝုတၱိအလကၤာ)

Nokia 9 PureView ရဲ႕ ေက်ာဘက္ကင္မရာ ဒီဇိုင္းကို 7 Round-shaped ပုံစံမ်ိဴး ဖန္တီးထားတာျဖစ္ၿပီး LED Flash, 3D ToF (Time of Flight) Sensor နဲ႔အတူ 12MP Camera ၅လုံးတို႔ ပါဝင္မွာ ျဖစ္ပါတယ္။ Aperture f/1.8 အက်ယ္ရွိ 12MP Wide Camera ၅လုံးမွာ ၂လုံးက RGB Sensors ေတြျဖစ္ၿပီး၊ ၃လုံးကေတာ့ Monochrome Sensors ေတြျဖစ္ၾကပါတယ္။ အဆိုပါ Camera Sensor ေတြဟာ အသုံးျပဳသူက ဓာတ္ပုံ႐ိုက္လိုက္တဲ့အခ်ိန္မွာ မတူညီတဲ့ Exposure နဲ႔ ဓာတ္ပုံေတြရဖို႔အတြက္ တၿပိဳင္တည္း အလုပ္လုပ္တယ္လို႔ သိရပါတယ္။ ေနာက္ဆုံးအဆင့္မွာ Light ရဲ႕ နည္းပညာနဲ႔ အဆိုပါ ဓာတ္ပုံေတြကို ေပါင္းစပ္ၿပီး အရည္အေသြးျမင့္ ဓာတ္ပုံ ၁ပုံ ရရွိေအာင္ ဖန္တီးလုပ္ေဆာင္ေပးတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Nokia 9 PureView ဟာ ဖုန္းထဲမွာ တခါတည္း တြဲပါလာတဲ့ Lightroom App ကို အသုံးျပဳၿပီး RAW ဓာတ္ပုံေတြကိုလည္း ျပန္လည္ Edit လုပ္ႏိုင္တယ္လို႔ သိရပါတယ္။


Nokia 9 PureView ဟာ 5.99” Quad HD+ AMOLED Display (1440 x 2880pixels) , Snapdragon 845 SoC, RAM 6GB/ Storage 128GB, 20MP Selfie Camera, 3320mAh Battery, 18W Fast Charging နဲ႔ 10W Wireless Charging စနစ္ေတြ ပါဝင္တဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။ အၾကမ္းခံဖို႔အတြက္ Gorilla Glass 5 ကိုဖုံးအုပ္ထားၿပီး Water/Dust Resistance မွာ IP67 ရရွိထားပါတယ္။ ေစ်းႏႈန္းအေနနဲ႔ ကန္ေဒၚလာ ၆၆၀ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္) က်သင့္မွာျဖစ္ၿပီး သိပ္မၾကာခင္မွာ ေစ်းကြက္ထဲကို ေရာက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

ဆွေမျိူးမေ့သွားလောက်အောင် လန်းတဲ့ Nokia 9 PureView ရဲ့ ရိုက်ချက်များ

HMD Global ဟာ Nokia 210, Nokia 1 Plus, Nokia 3.2, Nokia 4.2 နဲ့ Nokia 9 PureVeiw စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Nokia 9 PureView မှအပ ကျန်တဲ့ စမတ်ဖုန်းအားလုံးဟာ Budget စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။ Nokia 9 PureView ကတော့ Flagship ဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး ကျောဘက်ကင်မရာ ၅လုံးပါတဲ့ စမတ်ဖုန်းအဖြစ် ပွဲထွက်ခဲ့တာပါ။

ဒီနေ့မှာတော့ တရုတ်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုက Nokia 9 PureView နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ မျှဝေလာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေအရဆိုရင် Nokia 9 PureView ရဲ့ ကင်မရာ အစွမ်းသတ္တိက ဆွေမျိူးမေ့သွားစေရုံသာမက၊ မိမိ၏ မဟေသီနဲ့ မိမိကိုယ် မိမိပါ မေ့သွားစေလောက်အောင် လန်းတယ်လို့ ပြောရမှာပါ။ (အတိသယဝုတ္တိအလင်္ကာ)

Nokia 9 PureView ရဲ့ ကျောဘက်ကင်မရာ ဒီဇိုင်းကို 7 Round-shaped ပုံစံမျိူး ဖန်တီးထားတာဖြစ်ပြီး LED Flash, 3D ToF (Time of Flight) Sensor နဲ့အတူ 12MP Camera ၅လုံးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ Aperture f/1.8 အကျယ်ရှိ 12MP Wide Camera ၅လုံးမှာ ၂လုံးက RGB Sensors တွေဖြစ်ပြီး၊ ၃လုံးကတော့ Monochrome Sensors တွေဖြစ်ကြပါတယ်။ အဆိုပါ Camera Sensor တွေဟာ အသုံးပြုသူက ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ မတူညီတဲ့ Exposure နဲ့ ဓာတ်ပုံတွေရဖို့အတွက် တပြိုင်တည်း အလုပ်လုပ်တယ်လို့ သိရပါတယ်။ နောက်ဆုံးအဆင့်မှာ Light ရဲ့ နည်းပညာနဲ့ အဆိုပါ ဓာတ်ပုံတွေကို ပေါင်းစပ်ပြီး အရည်အသွေးမြင့် ဓာတ်ပုံ ၁ပုံ ရရှိအောင် ဖန်တီးလုပ်ဆောင်ပေးတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Nokia 9 PureView ဟာ ဖုန်းထဲမှာ တခါတည်း တွဲပါလာတဲ့ Lightroom App ကို အသုံးပြုပြီး RAW ဓာတ်ပုံတွေကိုလည်း ပြန်လည် Edit လုပ်နိုင်တယ်လို့ သိရပါတယ်။

Nokia 9 PureView ဟာ 5.99” Quad HD+ AMOLED Display (1440 x 2880pixels) , Snapdragon 845 SoC, RAM 6GB/ Storage 128GB, 20MP Selfie Camera, 3320mAh Battery, 18W Fast Charging နဲ့ 10W Wireless Charging စနစ်တွေ ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အကြမ်းခံဖို့အတွက် Gorilla Glass 5 ကိုဖုံးအုပ်ထားပြီး Water/Dust Resistance မှာ IP67 ရရှိထားပါတယ်။ စျေးနှုန်းအနေနဲ့ ကန်ဒေါ်လာ ၆၆၀ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး သိပ်မကြာခင်မှာ စျေးကွက်ထဲကို ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

Ref : Gizmochina