[Unicode]

Nokia ဆိုတဲ့အမှတ်တံဆိပ်ကို မြင်လိုက်တာနဲ့ လူတိုင်းနီးပါးက “Nokia ဖုန်း” ကိုပဲ တွဲပြီးမြင်ယောင်မိကြမှာပါ။ ပုံစံကြည့်ရတာကတော့ ကုမ္ပဏီဟာ သူတို့ရဲ့ လုပ်ငန်းကို တိုးချဲ့လိုက်တယ်လို့ ယူဆရပါတယ်။ အခုတော့ Nokia ရဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုမယ့် နောက်ထပ်ထုတ်ကုန်သစ်တစ်ခု ထွက်ပေါ်လာပါပြီ။

Gadgets 360 ကဖော်ပြတဲ့သတင်းအရ အိန္ဒိယကုမ္ပဏီ Flipkart ဟာ Nokia အမှတ်တံဆိပ်နဲ့ စမတ်တီဗီတွေကို အာမခံနဲ့ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါဟာ Nokia အနေနဲ့ သူတို့အမှတ်တံဆိပ်အောက်မှာ နောက်ထပ် ထုတ်ကုန်သစ်ကို ထုတ်လုပ်လိုက်တာ၊ ဒါမှမဟုတ် third-party တစ်ခုခုကို အမှတ်တံဆိပ် သုံးစွဲခွင့် ပေးလိုက်တာ ဖြစ်ပါလိမ့်မယ်။

Flipkart ဟာ အိန္ဒိယရဲ့ အဓိက e-commerce ကြီးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Flipkart ရဲ့ ထုတ်ပြန်မှုမှာလည်း သူတို့ဟာ Nokia နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယမှာ Nokia ရဲ့ ပထမဆုံး စမတ်တီဗီကို မိတ်ဆက်သွားမှာဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဒီစမတ်တီဗီတွေဟာ “Make in India” ဖြစ်တဲ့အကြောင်းလည်း ဖော်ပြခဲ့ပါသေးတယ်။

“Flipkart ဟာ အိန္ဒိယက စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ အမူအကျင့်တွေကို ကောင်းကောင်းသိရှိပြီး ဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Nokia အမှတ်တံဆိပ် စမတ်တီဗီတွေကို လွယ်လွယ်ကူကူ၊ သက်သက်သာသာနဲ့ ရရှိနိုင်အောင်လို့ ကူညီပေးနိုင်ပါလိမ့်မယ်” လို့ Nokia နဲ့ အမှတ်တံဆိပ်မိတ်ဖက်ဖြစ်လာတဲ့ Flipkart ရဲ့ ဒုတိယဥက္ကဋ္ဌ Vipul Mehrotra က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

55-inch Nokia Ultra HD (4K) LED Smart Android TV ဟာ 16:9 အချိုးမျက်နှာပြင်၊ 60Hz refresh rate နဲ့ Dolby Vision, HDR10, HDMI ports သုံးပေါက်၊ USB ports နှစ်ပေါက် ပါဝင်မှာဖြစ်ပြီး အသံစနစ်အတွက် 24-watt စပီကာ နှစ်လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရောင်းဈေးကတော့ အိန္ဒိယရူပီး 41,999 နဲ့ရောင်းချမျဖြစ်တာကြောင့် မြန်မာငွေ ၈ သိန်း ၉ သောင်း ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။

Ref: The Verge

[Zawgyi]

အိႏၵိယေဈးကြက္မွာ စမတ္တီဗြီကို စတင္မိတ္ဆက္လိုက္တဲ့ Nokia

Nokia ဆိုတဲ့အမွတ္တံဆိပ္ကို ျမင္လိုက္တာနဲ႔ လူတိုင္းနီးပါးက “Nokia ဖုန္း” ကိုပဲ တြဲၿပီးျမင္ေယာင္မိၾကမွာပါ။ ပုံစံၾကည့္ရတာကေတာ့ ကုမၸဏီဟာ သူတို႔ရဲ႕ လုပ္ငန္းကို တိုးခ်ဲ႕လိုက္တယ္လို႔ ယူဆရပါတယ္။ အခုေတာ့ Nokia ရဲ႕ အမွတ္တံဆိပ္ကို ကိုယ္စားျပဳမယ့္ ေနာက္ထပ္ထုတ္ကုန္သစ္တစ္ခု ထြက္ေပၚလာပါၿပီ။

Gadgets 360 ကေဖာ္ျပတဲ့သတင္းအရ အိႏၵိယကုမၸဏီ Flipkart ဟာ Nokia အမွတ္တံဆိပ္နဲ႔ စမတ္တီဗီေတြကို အာမခံနဲ႔ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ဒါဟာ Nokia အေနနဲ႔ သူတို႔အမွတ္တံဆိပ္ေအာက္မွာ ေနာက္ထပ္ ထုတ္ကုန္သစ္ကို ထုတ္လုပ္လိုက္တာ၊ ဒါမွမဟုတ္ third-party တစ္ခုခုကို အမွတ္တံဆိပ္ သုံးစြဲခြင့္ ေပးလိုက္တာ ျဖစ္ပါလိမ့္မယ္။

Flipkart ဟာ အိႏၵိယရဲ႕ အဓိက e-commerce ႀကီးတစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ Flipkart ရဲ႕ ထုတ္ျပန္မႈမွာလည္း သူတို႔ဟာ Nokia နဲ႔ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး အိႏၵိယမွာ Nokia ရဲ႕ ပထမဆုံး စမတ္တီဗီကို မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ထည့္သြင္းေရးသားခဲ့ပါတယ္။ ဒါတင္မကေသးဘဲ ဒီစမတ္တီဗီေတြဟာ “Make in India” ျဖစ္တဲ့အေၾကာင္းလည္း ေဖာ္ျပခဲ့ပါေသးတယ္။

“Flipkart ဟာ အိႏၵိယက စားသုံးသူေတြရဲ႕ လိုအပ္ခ်က္နဲ႔ အမူအက်င့္ေတြကို ေကာင္းေကာင္းသိရွိၿပီး ဒီလိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီမယ့္ Nokia အမွတ္တံဆိပ္ စမတ္တီဗီေတြကို လြယ္လြယ္ကူကူ၊ သက္သက္သာသာနဲ႔ ရရွိႏိုင္ေအာင္လို႔ ကူညီေပးႏိုင္ပါလိမ့္မယ္” လို႔ Nokia နဲ႔ အမွတ္တံဆိပ္မိတ္ဖက္ျဖစ္လာတဲ့ Flipkart ရဲ႕ ဒုတိယဥကၠ႒ Vipul Mehrotra က ျဖည့္စြက္ေျပာဆိုခဲ့ပါတယ္။

55-inch Nokia Ultra HD (4K) LED Smart Android TV ဟာ 16:9 အခ်ိဳးမ်က္ႏွာျပင္၊ 60Hz refresh rate နဲ႔ Dolby Vision, HDR10, HDMI ports သုံးေပါက္၊ USB ports ႏွစ္ေပါက္ ပါဝင္မွာျဖစ္ၿပီး အသံစနစ္အတြက္ 24-watt စပီကာ ႏွစ္လုံးလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ေရာင္းေဈးကေတာ့ အိႏၵိယ႐ူပီး 41,999 နဲ႔ေရာင္းခ်မ်ျဖစ္တာေၾကာင့္ ျမန္မာေငြ ၈ သိန္း ၉ ေသာင္း ဝန္းက်င္က်သင့္မွာ ျဖစ္ပါတယ္။

Ref: The Verge