Apple ဟာ အခုအချိန်မှာ iOS 15 အပြင် macOS 12 Monterey ကိုပါ Public Beta Update ထုတ်ပေးနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Feature အသစ်တွေကို အသုံးပြုချင်တယ်ဆိုရင် စမ်းသပ် Update ပြုလုပ်နိုင်ပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး iOS 15 နဲ့ macOS 12 Monterey Update ကို တင်ထားတဲ့သူတွေအနေနဲ့ ဂရုပြုရမယ့် ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ Notes App နဲ့သက်ဆိုင်ပြီးတော့ တကယ်လို့ iOS 15 သို့မဟုတ် macOS 12 မှာ မှတ်ထားမိတဲ့ Notes တွေဟာ အစောပိုင်း OS Version တွေမှာ ဖတ်မရတဲ့ပြဿနာကြုံတွေ့နေတာဖြစ်ပါတယ်။


ဒါကဘာကြောင့်ဖြစ်ပွားရတာလဲဆိုရင် Apple ဟာ Notes App ကို Feature အသစ်တွေ Upgrade ပြုလုပ်ပေးခဲ့တာကြောင့်လို့ပဲ ပြောရမှာပါ။ iOS 15 နဲ့ macOS 12 မှာ အသုံးပြုမယ်ဆိုရင် Group Collaboration တွေကို Mention ပြုလုပ်ပြီး အသုံးပြုနိုင်သလို Organize ပြုလုပ်တဲ့နေရာမှာလည်း ပြောင်းလဲထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အလွယ်မှတ်နိုင်တဲ့ Quick Notes Feature လည်းပါဝင်လာပါသေးတယ်။

အဲ့ဒီအတွက် iOS 14.5 သို့မဟုတ် macOS Big Sur 11.3 ရဲ့အစောပိုင်း Version တွေကို အသုံးပြုနေတယ်ဆိုရင်တော့ Notes App Version အသစ်နဲ့ မှတ်ထားတဲ့ Notes တွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း တချို့ Notes Feature တွေကို iOS 14 နဲ့ macOS Big Sur Latest Version တင်ထားတယ်ဆိုရင်တော့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုပြဿနာဟာ လာမယ့် iOS 15 နဲ့ macOS 12 Monterey Stable Update ထွက်ရှိတဲ့အချိန်မှာ ပြင်ဆင်သွားမယ်လို့ ယူဆရပါတယ်။

Ref – 9to5mac