မကြာခင်ထွက်လာတော့မယ့် Nubia ရဲ့ Red Magic 5G ဖုန်းသစ်မှာ 144Hz Refresh Rate နဲ့ Display တစ်ခု၊ 80W အားအမြန်သွင်းနည်းပညာနဲ့ Dual-mode 5G ချိတ်ဆက်နိုင်စွမ်းတို့ ပါဝင်လာဖို့ အတည်ပြုပြီးသားပါ။ အမှတ်တံဆိပ်ရဲ့ ဥက္ကဌဖြစ်သူ Ni Fei ကလည်း Latency အလွန်နိမ့်တဲ့ Screen ရဲ့ စွမ်းရည်ကို ဗီဒီယိုအတိုလေးတစ်ခုနဲ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ခါလည်း Ni Fei ဆီကပဲ သတင်းအချက်အလက်အသစ်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီဖုန်းသစ်မှာ 16GB LPDDR5 RAM မန်မိုရီထိ မြင်တွေ့ရနိုင်ကာ မြင့်မားတဲ့ Fast Charging စနစ်ကိုလည်း လေအေးပေးစနစ်ထည့်သွင်းလာမယ်လို့ ထပ်မံ Tease လုပ်ပေးခဲ့တာဖြစ်ပါတယ်။

အလွန်မြင့်မားတဲ့ Fast Charging စနစ်ကြောင့် အားသွင်းချိန်မှာ အပူလွန်ကဲမှာ မပူရအောင် ဟန်းဆက်ထဲမှာ Cooling Fan တစ်ပါတည်းထည့်သွင်းပေးလာမယ်လို့ Fei က ထပ်မံရှင်းပြခဲ့ပါတယ်။ Red Magic 5G ဟာ အားသွင်းနေစဉ် အပူချိန်ကို မိမိဘာသာစောင့်ကြည့်နေမှာဖြစ်ပြီး အပူချိန်တက်လာတာနဲ့ အအေးပေးစနစ်က အလိုအလျှောက် အလုပ်လုပ်လာမှာဖြစ်ပါတယ်။

အထင်ကြီးလောက်စရာ RAM ပမာဏနဲ့ အအေးပေးစနစ်တို့ကို ဖော်ပြခဲ့တဲ့အပြင် အဆိုပါဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကိုပါ တင်လာခဲ့ပါတယ်။ သတင်းတွေအရ 64MP Sony IMX686 Sensor ကို အသုံးပြုလာမယ်လို့ ဆိုထားပေမယ့် ခုထိတော့ အတည်မပြုရသေးပါဘူး။

Ref – GSM Arena