Nvidia ဟာ မကြာသေးမီက 32-Bit Operating System တွေအတွက် GeForce ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ ထောက်ပံ့မှုကို ရပ်ဆိုင်းမယ့်အချိန်အတိအကျကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အခုထုတ်ပြန်ချက်အရ Nvidia ကနေ 32-Bit Operating System အသုံးပြုသူတွေအတွက် GeForce Driver တွေထောက်ပံ့ပေးနေမှုကို ယခုလ ၂၀၁၈ ခုနှစ် ဧပြီရယ်လကုန်ကနေစတင်ပြီးတော့ ရပ်ဆိုင်းမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလနောက်ပိုင်းမှာ 32-Bit OS အသုံးပြုသူတွေဟာ GeForce Experience Features တွေနဲ့ Software Updates တွေကို ရရှိမှာမဟုတ်တော့ပါဘူး။

ဒါပေမယ့် Nvidia ကနေ အရေးကြီးတဲ့ Security Updates တွေကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။ 32-Bit OS တွေနဲ့ပဲ အသုံးပြုနေမယ်ဆိုရင်လည်း Driver Update မရတော့တာကလွဲပြီး အခြားသော ပြဿနာရှိမှာမဟုတ်တော့ပါဘူး။

Nvidia ကတော့ System Version အနိမ့်တွေနဲ့ 32-Bit OS တွေအပေါ် Software ထောက်ပံ့နေမှုကို တဖြည်းဖြည်းလျော့ချနေပြီဖြစ်တဲ့အတွက် အခုအချိန်မှာ Nvidia Graphic Card တွေကို အသုံးပြုမယ်ဆိုရင်တော့ 64-Bit OS ကိုပဲ အသုံးပြုတာကောင်းမှာပါ။