လက်ရှိ Ti နှစ်နှစ်ဆက် ချန်ပီယံ OG အသင်းဟာ လူစာရင်းပြောင်းလဲမှုကို ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ။ ဒီတစ်ခါတော့ EG အသင်းကနေ ရောက်ရှိလာတဲ့ SumaiL ကို ပြန်ထုတ်ပယ်လိုက်ပြီး မူလ Offlane ကစားသမား Ceb ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

OG အသင်းဟာ ပြိုင်ပွဲကြီးတွေ ယှဉ်ပြိုင်ပြီးတိုင်းမှာ အဓိက ကစားသမားတွေ အနားယူလေ့ရှိပြီး ဒီနှစ်မှာလည်း ချန်ပီယံအသင်းကနေ Ana, Ceb, Jerax တို့ အနားယူသွားခဲ့တာကြောင့် MidOne, SumaiL, Saska တို့ကို အစားထိုးခေါ်ယူခဲ့တာပါ။ ဒါပေမယ့် မြောက်အမေရိက ဒေသအခြေစိုက် ကစားသမားဖြစ်တဲ့ SumaiL ကို အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် လက်လွှတ်ခဲ့ပုံပါပဲ။

OG ပရိသတ်တွေကတော့ Ceb ပြန်လာတဲ့အတွက် ပျော်ရွှင်နေကြမှာဖြစ်ပြီး Ana နဲ့ Jerax တို့ကိုလည်း အလားတူ ပြန်မြင်တွေ့ရဖို့ မျှော်လင့်နေနိုင်ပါတယ်။ Ceb ဟာ OG အသင်းနဲ့ Dota 2 ဂိမ်းတို့ကို စိတ်မကုန်ဘဲ Stand-in အဖြစ် ပြိုင်ပွဲအချို့ ဝင်ရောက်ကစားခဲ့သလို နည်းပြအဖြစ်လည်း လုပ်ကိုင်ခဲ့ချိန်မှာ ကျန်တဲ့နှစ်ယောက်ကတော့ လုံးဝ အနားယူနေတာပါ။ ဒါ့အပြင် Jerax ဟာ Ceb ပြန်ကစားတာကို ကြားရပြီးတဲ့နောက်မှာ Dota 2 ဂိမ်းအပေါ် ရပ်တန့်ခဲ့ခြင်းက သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ ပြန်ဆော့ဖို့ စိတ်မကူးဘူးလို့ ထပ်မံငြင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာ OG ရဲ့လူစာရင်းက Pos 1 -5 ကို MidOne, Topson, Ceb, Saksa, N0tail ဆိုပြီး ကစားသွားမှာဖြစ်လို့ Topson နဲ့ Ceb တို့ကို အရင်နေရာမှာ ပြန်ကစားတာ မြင်ရတော့မှာပါ။ Ti9 အပြီးမှာ ၂၀၁၅ ခုနှစ်တည်းက ပွဲဦးထွက်ကစားလာတဲ့ EG အသင်းကို စွန့်ခွာပြီး OG နဲ့ ပူးပေါင်းခဲ့တဲ့ SumaiL ကတော့ သူ့ရဲ့နောက်ခြေလှမ်းကို မပြောသေးပါဘူး။

Ref – AFKGaming