Samsung ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်ပြီးတော့ Flagship Series စမတ်ဖုန်းတွေအတွက် OneUI 3.0 Update ကို ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S10 နဲ့ Note 10 Series ဖုန်းတွေအတွက်ပါ OneUI 3.0 Update ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ Galaxy Z Fold 2 ဖုန်းအတွက် OneUI 3.0 Stable Update ကိုတော့ အခုမှစတင်ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ OneUI 3.0 Update နဲ့အတူ Android 11 OS ကိုပါ Update ရရှိမှာဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ OneUI 3.0 Stable OTA Update ဟာ Germany Region မှာ အစောဆုံးရရှိမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ တခြားသော Region တွေအတွက်ပါ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Galaxy Z Fold 2 အတွက် ထွက်ရှိလာတဲ့ OneUI 3.0 Stable Firmware Version အနေနဲ့ကတော့ F916BXXU1CTLL ဖြစ်တယ်လို့သိရပြီး နောက်ဆုံးထွက် January 2021 Security Patch ပါ ပါဝင်လာမှာဖြစ်ပါတယ်။ File Size အနေနဲ့ကတေ့ာ 2.2GB ဝန်းကျင်ရှိမှာပါ။

ဘာပဲဖြစ်ဖြစ် OneUI 3.0 Update ဟာ Samsung အတွက် Major Update တစ်ခုဖြစ်သလို Notification ၊ Media Playback နဲ့ တခြားသော UI Design ပြောင်းလဲမှုတွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း Galaxy S21 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Samsung အနေနဲ့ အဲ့ဒီအချိန်မတိုင်ခင် တခြား Flagship ဖုန်းအားလုံးကို OneUI 3.0 Update ထုတ်ပေးပြီးပြီလို့ ပြောနိုင်ပါတယ်။

Ref – 9to5Google