ပေါက်ကြားသတင်းတွေသာ မှန်မယ်ဆိုရင် OnePlus 10T ဟာ ဒီနှစ်ထွက်မယ့် ကုမ္ပဏီရဲ့ နောက်ဆုံး စွမ်းရည်မြင့် ဖုန်း ဖြစ်လာမှာပါ။ အဲဒီဖုန်းမှာ Snapdragon 8 Gen 1 Chipset ပါလာမှာကလွဲပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အခုတော့ Leakster Yogesh Brar နဲ့ Onsitego က အဲဒီဖုန်းရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။

10T ဟာ ကုမ္ပဏီရဲ့ ဒီဇိုင်းထူးခြားတဲ့ ဖုန်း ဖြစ်ပြီး အနောက်ဘက်က ကင်မရာ Bump ဟာ ဖုန်းရဲ့ အကျယ်တစ်ခုလုံးကို နေရာယူထားပါတယ်။ Leakster က အဲဒီ ဒီဇိုင်းဟာ အစောပိုင်း နမူနာမော်ဒယ်ကို အခြေခံထားတာ ဖြစ်ပြီး တကယ်ရောင်းချတဲ့ မော်ဒယ်မှာ ကွဲပြားနိုင်တယ်လို့ ပြောပါတယ်။

ဖုန်း မျက်နှာပြင်ဟာ ၆.၇ လက်မ ရှိနိုင်ပြီး အရင်မျိုးဆက် T ဖုန်းတွေထက် ကြီးမားနိုင်ပါတယ်။ ဒါပေမယ့် QHD+ အစား FHD+ Resolution ကို အသုံးပြုထားမှာပါ။ 10T ဟာ Pro ရဲ့ 80W ထက် ပိုမြန်တဲ့ 150W Charging ကို သုံးထားမှာ ဖြစ်ပြီး ဘက်ထရီကတော့ Pro ရဲ့ 5,000mAh ထက် သေးငယ်တဲ့ 4,800mAh ကို ထည့်ထားမှာပါ။ ကြိုးမဲ့အားသွင်းစနစ်တော့ ပါလာမှာ မဟုတ်ပါဘူး။

OnePlus 10T မှာ OIS ပါတဲ့ 50MP Main ကင်မရာကို သုံးထားနိုင်ပြီး 4K 60fps Video Recording ကို ထောက်ပံ့မှာပါ။ 16MP Ultra Wide , 2MP Macro ကင်မရာတွေနဲ့အားဖြည့်ထားမှာပါ။ Telephoto ကင်မရာတော့ မပါလာနိုင်ပါဘူး။ အရှေ့ ကင်မရာက 32MP ဖြစ်မှာပါ။

OnePlus 10T ကို ဇူလိုင်လမှာ အိန္ဒိယနဲ့ တခြား နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena