OnePlus က တရုတ်မှ OnePlus 11 နဲ့ 12 အတွက် Software Update ကို ဖြန့်ချိလိုက်ပြီး AI လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

OnePlus 12 vs OnePlus 11: Is the upgrade worth it? | Technology News - The Indian Express

OnePlus 11 Update ရဲ့ Firmware Version က PHB110_14.0.0.403(CN01) ဖြစ်ပြီး OnePlus 12 Update ရဲ့ Firmware Version က PJD110_14.0.0.405(CN01) ဖြစ်ပါတယ်။ Update ၂ ခုစလုံးမှာ AI Summariser , AIGC Remover နဲ့ Article Summaries စတဲ့ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် Update မှာ OnePlus 11 နဲ့ 12 ရဲ့ Settings မှာ “Device Motion & Orientation” Permission ထည့်သွင်းထားပြီး User တွေက Screen ကို Wake Up လုပ်စရာ မလိုဘဲ လက်ဗွေရာ ကိရိယာကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

User တွေဟာ Always-on Display မှာ QQ Music ကို ထိန်းချုပ်လာနိုင်ပြီး Status Bar သို့မဟုတ် Floating Window မှာ Screen Recording Indicator ကို ပြသနိုင်တဲ့ Option ပါလာပါပြီ။

OnePlus 11 update's changelog

OnePlus 12 Update မှာ ဖုန်းရဲ့ Bluetooth , NFC နဲ့ WLAN Network တိုးတက်လာပြီး ဘူတာရုံလို နေရာတွေမှာ လိုင်းမမိတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

တရုတ်မှ OnePlus 11/12 ပိုင်ရှင်တွေကတော့ Update ကို တင်လို့ရပြီ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ဖြန့်ချိမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena