Tipster ၁ ယောက်က OnePlus 12 ကို တရုတ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာမယ်လို့ လွန်ခဲ့တဲ့လအနည်းငယ်က သတင်းပေးခဲ့ပါတယ်။ OnePlus က OnePlus 12 အကြောင်းကို အခုထက်ထိ ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါတယ်။ အခုတော့ Tipster Max Jambor က OnePlus 12 ကို တရုတ်မှာ ဒီဇင်ဘာလ ကြေညာမယ်ဆိုတဲ့သတင်းကို ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

OnePlus 12's leaked render (Source: OnLeaks and Smartprix)

ဒါပေမယ့် OnePlus 12 ကို နိုင်ငံတကာအတွက် ဒီဇင်ဘာလမှာပဲ ကြေညာမှာ မဟုတ်ပါဘူး။ တရုတ်မှာ ကြေညာပြီး ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ကြာမှ နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။

OnePlus 12's leaked render (Source: OnLeaks and Smartprix)

ပေါက်ကြားသတင်းတွေအရ OnePlus 12 မှာ မကြေညာရသေးတဲ့ Snapdragon 8 Gen 3 SoC မောင်းနှင်ထားနိုင်ပါတယ်။ 6.7” 120Hz QHD+ OLED မျက်နှာပြင်နဲ့ 5,000mAh Battery ပါလာနိုင်ပါတယ်။ 100W သို့မဟုတ် 150W Fast Charging နဲ့ 50W Wireless Fast Charging ထည့်သွင်းထားနိုင်ပါတယ်။

ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်နိုင်ပြီး အနောက်ဘက်မှာ 50MP Main, 50MP Ultrawide နဲ့ 64MP Periscope ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ အသံခလုတ်တွေကို ဘယ်ဘက်နဲ့ ပါဝါခလုတ်၊ Alert Slider ကို ညာဘက်မှာ ထည့်သွင်းထားမှာပါ။

Ref : gsmarena