Qualcomm က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စွမ်းရည်မြင့် Snapdragon 8 Gen 3 Mobile Processor ကို ကြေညာခဲ့ပါတယ်။ ကြေညာပြီး သိပ်မကြာခင်မှာ စမတ်ဖုန်း ကုမ္ပဏီတွေက အဲဒီ Chipset ပါမယ့် သူတို့ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ကြေညာလာပါတယ်။ အဲဒီအထဲမှာ OnePlus လည်း ပါဝင်ပြီး ကုမ္ပဏီက OnePlus 12 မှာ SD 8 Gen 3 ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

Snapdragon 8 Gen 3 SoC ကို 4nm Process Node နဲ့ တည်ဆောက်ထားပြီး စွမ်းဆောင်ရည်နဲ့ စွမ်းအင် စားသုံးမှု အပိုင်းမှာ တိုးတက်လာပါတယ်။ Qualcomm က စွမ်းဆောင်ရည်ဟာ ၃၀ ရာခိုင်နှုန်းနဲ့ စွမ်းအင် စားသုံးမှုဟာ ၂၅ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NPU (Neural Processing Unit) ဟာ စွမ်းဆောင်ရည် ၉၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ GPU အသစ်ဟာ ၂၅ ရာခိုင်နှုန်း ပိုမြန်ပြီး အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုကောင်းတဲ့ Ray Tracing နည်းပညာ ပါပါတယ်။

OnePlus 12 officially revealed with brighter Display, Snapdragon 8 Gen 3, and more

OnePlus 12 ဟာ SD 8 Gen 3 ပါတဲ့ အစောဆုံးဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ OnePlus က မျှဝေထားတဲ့ Teaser အရ OnePlus 12 မှာ Oriental Display ပါလာမှာ ဖြစ်ပြီး DisplayMate က အကောင်ဆုံး 2K Screen တွေထဲက ၁ ခုလို့ သတ်မှတ်ထားပါတယ်။

HDR Support ကြောင့် A+ Rating ရထားပြီး LTPO နည်းပညာ ပါလာကာ အရောင်တိကျမှု တိုးတက်လာပါတယ်။ 6.82” OLED မျက်နှာပြင် ဖြစ်ပြီး 120Hz Refresh Rate နဲ့ 2,600 Nits Peak Brightness ထောက်ပံ့ထားမှာပါ။

Ref : gizmochina