OnePlus 12 ကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်နေပြီး ကုမ္ပဏီဟာ ထင်ထားတာထက် စောစွာ အဲဒီ စမတ်ဖုန်းကို ကြေညာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို တရုတ်မှာ ဒီလကုန် ကြေညာနိုင်ပြီး အခုတော့ 3C Certification ကို ရောက်လာပါပြီ။

OnePlus 12 shows up on 3C certification with 100W charging - GSMArena.com  news

3C က စာရင်းအရ OnePlus 12 မှာ 100W Wired Charging ပါလာမှာ ဖြစ်ပြီး အားသွင်းနှုန်း မပြောင်းလဲဘူးဆိုတဲ့ အရင်က သတင်းတွေဟာ မှန်ကန်သွားပါတယ်။ 3C မှာ Charging Brick ဟာ 11V/9.1A လို့ ဖော်ပြထားပြီး OnePlus 11 နဲ့ တူညီပါတယ်။

OnePlus 12 shows up on 3C certification with 100W charging

နာမည်ကြီး Tipster Digital Chat Station က OnePlus 12 မှာ 50W Wireless Charging ပါလာမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ရေးသားထားပါတယ်။ Battery ပမာဏက 5,400mAh ဖြစ်ပါတယ်။

အရင်က သတင်းတွေအရ OnePlus 12 မှာ 6.82” OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 3x Optical Zoom ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်လာတဲ့ Teaser အရ Sony Lytia Sensor အသစ် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena