Zawgyi

ဒီေန႔မွာေတာ့ OnePlus 6T ရဲ႕ ဓာတ္ပုံေတြဟာ ဖုန္းကာဗာနဲ႔ Screen Protector ေတြေရာင္းတဲ့ ဝက္ဆိုက္တစ္ခုျဖစ္တဲ့ Olixar ကေနတစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ OnePlus 6T ကို လာမယ့္ ေအာက္တိုဘာလ ၁၇ရက္ေန႔မွ တရားဝင္ မိတ္ဆက္မွာ ျဖစ္ေသာ္လည္း သူရဲ႕ ဓာတ္ပုံေတြကေတာ့ Olixar ဝက္ဆိုက္ေပၚမွာ ေရာက္ရွိလို႔ေနၿပီ ျဖစ္ပါတယ္။

OnePlus ဘက္က ခြင့္ျပဳခ်က္ရလို႔ တင္ထားတာလား ဒါမွမဟုတ္ Date မွားၿပီး တင္ထားတာလား ဆိုတာ အတိအက် မသိရေသးေပမယ့္ OnePlus 6T ရဲ႕ ဓာတ္ပုံေတြကေတာ့ Olixar ဝက္ဆိုက္ေပၚမွာ ခုခ်ိန္ထိ ရွိေနဆဲ ျဖစ္ပါတယ္။ Olixar အေနနဲ႔ OnePlus 6T အတြက္ Cover ၅မ်ိဴး ထုတ္လုပ္ထားၿပီး အဆိုပါ Cover ေတြကို အခုခ်ိန္က စၿပီး Pre-order မွာယူႏိုင္တာကို ေတြ႕ရပါတယ္။ အဆိုပါ ဝက္ဆိုက္ေပၚက ဓာတ္ပုံေတြအရဆိုရင္ OnePlus 6T ဟာ In-display Fingerprint Sensor, Waterdrop Notch Display ေတြနဲ႔အတူ ပြဲထြက္လာမယ္ဆိုတာ 100% နီးပါး ေသခ်ာသေလာက္ ရွိေနပါၿပီ။

OnePlus 6T ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အထားအသိုက OnePlus 6 လိုမ်ိဴး ပုံစံျဖစ္ၿပီး Screen-to-body ratio ရာခိုင္ႏႈန္းကေတာ့ Watedrop Notch ေၾကာင့္ OnePlus 6 ထက္ပိုမ်ားလာႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3700mAh အထိ ပါဝင္လာႏိုင္ၿပီး Android 9.0 Pie နဲ႔ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။ ဒါ့အျပင္ OnePlus ရဲ႕ CEO ျဖစ္သူ Pete Lau ကလည္း OnePlus 6T မွာ Headphone Jack ပါဝင္မွာ မဟုတ္ေၾကာင္း အတည္ျပဳ ေျပာၾကားထားပါတယ္။

Ref: gadgets.ndtv

Unicode

ဖုန်းကာဗာရောင်းတဲ့ ဝက်ဆိုက်တစ်ခုကြောင့် OnePlus 6T ရဲ့ ဓာတ်ပုံများ ပေါက်ကြား

ဒီနေ့မှာတော့ OnePlus 6T ရဲ့ ဓာတ်ပုံတွေဟာ ဖုန်းကာဗာနဲ့ Screen Protector တွေရောင်းတဲ့ ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Olixar ကနေတစ်ဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ OnePlus 6T ကို လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့မှ တရားဝင် မိတ်ဆက်မှာ ဖြစ်သော်လည်း သူရဲ့ ဓာတ်ပုံတွေကတော့ Olixar ဝက်ဆိုက်ပေါ်မှာ ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။

OnePlus ဘက်က ခွင့်ပြုချက်ရလို့ တင်ထားတာလား ဒါမှမဟုတ် Date မှားပြီး တင်ထားတာလား ဆိုတာ အတိအကျ မသိရသေးပေမယ့် OnePlus 6T ရဲ့ ဓာတ်ပုံတွေကတော့ Olixar ဝက်ဆိုက်ပေါ်မှာ ခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။ Olixar အနေနဲ့ OnePlus 6T အတွက် Cover ၅မျိူး ထုတ်လုပ်ထားပြီး အဆိုပါ Cover တွေကို အခုချိန်က စပြီး Pre-order မှာယူနိုင်တာကို တွေ့ရပါတယ်။ အဆိုပါ ဝက်ဆိုက်ပေါ်က ဓာတ်ပုံတွေအရဆိုရင် OnePlus 6T ဟာ In-display Fingerprint Sensor, Waterdrop Notch Display တွေနဲ့အတူ ပွဲထွက်လာမယ်ဆိုတာ 100% နီးပါး သေချာသလောက် ရှိနေပါပြီ။

 

OnePlus 6T ရဲ့ နောက်ကျောဘက် ကင်မရာ အထားအသိုက OnePlus 6 လိုမျိူး ပုံစံဖြစ်ပြီး Screen-to-body ratio ရာခိုင်နှုန်းကတော့ Watedrop Notch ကြောင့် OnePlus 6 ထက်ပိုများလာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3700mAh အထိ ပါဝင်လာနိုင်ပြီး Android 9.0 Pie နဲ့ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် OnePlus ရဲ့ CEO ဖြစ်သူ Pete Lau ကလည်း OnePlus 6T မှာ Headphone Jack ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားထားပါတယ်။

Ref: gadgets.ndtv